Arcane - a story based on League of Legends is coming to Netflix

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

23.5.2021 | League of Legends ဇာတ်ကြောင်းကို အခြေခံထားသည့် Arcane ကို Netflix ပေါ်တွင် ကြည့်ရှုနိုင်တော့မည်ဖြစ် 

Dota 2 ဇာတ်လမ်းကိုအခြေခံရိုက်ကူးထားသည့် “DOTA: Dragon Blood” anime စီးရီး Netflix ပေါ်တွင် ထွက်ရှိလာပြီးမကြာမှီတွင်ပဲ League of Legends ရဲ့ ဇာတ်ကြောင်းအပေါ် အခြေံရိုက်ကူးထားသည့် Arcane anime စီးရီးကို လာမည့်ဆောင်းတွင်းတွင် Netflix မှ ထုတ်လွှင့်သွားတော့မည်ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ 

Arcane ဟာ ထွက်ရှိလာတဲ့ သတင်းများအရ League of Legend ရဲ့ iconic champion ၂ ဦးဖြစ်တဲ့ Jinx “the Loose Cannon” နှင့် Vi “The Piltover Enforcer” တို့ရဲ့ ဇာတ်ကြောင်းကို အခြေခံရိုက်ကူးသွားမှာဖြစ်ပြီး အပြိုင်အဆိုင် မြို့နှစ်မြို့ဖြစ်ကြတဲ့ Piltover နဲ့ Steampunk utopia အတွင်းဖြစ်ပျက်သွားတဲ့ စိတ်ဝင်စားဖွယ် အဖြစ်အပျက်များစွာကို ရိုက်ကူးတင်ဆက်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ 

Netflix မှ ထုတ်လွှင့်ခဲ့တဲ့ trailer အတွင်းတွင် League of Legends universe အတွင်းရှိ character အသစ်များကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ Dota 2 နှင့် League of Legends တို့အပြင် လက်ရှိ Netflix မှ ထုတ်လွှင့်ပြသနေတဲ့ video game များရဲ့ နောက်ခံဇာတ်ကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်များကတော့ Castlevania, Resident Evil, Dragon’s Dogma, Assassin’s Creed နှင့် Cuphead တို့ဖြစ်ကြပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။