Apps which can subscribe users to pay for pricey services unknowingly

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.5.2021 | အသုံးပြုသူများမသိပဲ ဈေးနှုန်းမြင့်မားတဲ့ဝန်ဆောင်မှုများသို့ အလိုအလျှောက် subscribe ပြုလုပ်နိုင်စွမ်းရှိနေသည့် app များ  

Ars တွင် ဖော်ပြထားသော သတင်းတစ်ပုဒ်အရ - လုံခြုံရေးဆိုင်ရာ သုသေသနပညာရှင်များဟာ Google Play ပေါ်ရှိ app များတွင် user များရဲ့ text message များကို ခိုးယူနိုင်ပြီး ခွင့်ပြုချက်မရပဲ ဝယ်ယူမှုများကို ပြုလုပ်နိုင်စွမ်းရှိသည့် app များအားတွေ့ရှိခဲ့ကြောင်း သိရှိရပါတယ်။ 

အဆိုပါ app ၈ ခုအတွင်းတွင် malware တစ်ခုဟာ ပုန်းခိုလျှက်ရှိပြီး app ၈ ခုစလုံးဟာ အနည်းဆုံး download ပြုလုပ်သူ ၇၀၀,၀၀၀ နှင့်အထက်ရှိထားသည့် app များဖြစ်ပါတယ်။ အဆိုပါ malware က SMS notification များကို ထိန်းချုပ်နိုင်ပြီး ခွင့်ပြုချက်မရပဲ ဝယ်ယူမှုများကို ပြုလုပ်နိုင်စွမ်းရှိနေပါတယ်။ အဆိုပါ malware အား စတင်တွေ့ရှိခဲ့သူများဖြစ်ကြတဲ့ Sang Ryol Ryu နဲ့ Chanung Pak တို့ကတော့ အဆိုပါ malware အား Etinu ဟူ၍ အမည်ပေးခဲ့ကြပါတယ်။  

သုသေသနပညာရှင်များရဲ့အဆိုအရ “အဆိုပါ malware ဟာ Notification Listener ကို ထိန်းချုပ်၍ ဝင်ရောက်လာသည့် SMS message များကို Joker malware ကဲ့သို့ပင် SMS read ခွင့်ပြုချက်တောင်းခံစရာမလိုပဲ ခိုးယူနိုင်စွမ်းရှိနေပါတယ်။” 

Etinu Malware ပါဝင်နေတဲ့ Google Play Application ၈ ခုထဲက အချို့ကိုလည်း ကျွန်ုပ်တို့သိရှိထားသလောက် ဖော်ပြပေးလိုက်ပါတယ်။ 

1. PIP Camera 
2. Keyboard Wallpaper
3. 2021 Wallpaper and Keyboard 
4. Picture Editor တို့ဖြစ်ပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းများအရ Google Play မှ အဆိုပါ malware ပါဝင်နေတဲ့ app များကို သူတို့ရဲ့ Play Store ပေါ်မှ ဖယ်ရှားလိုက်ပြီပဲဖြစ်ပါတယ်။ သို့သော်လည်း သင့်ထံတွင် အထက်ဖော်ပြပါ application တစ်ခုခုကို install ပြုလုပ်ထားမိရင်တော့ ယခုချက်ခြင်းပဲ uninstall ပြုလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။  
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။