Apple will pay $ 500 million for slowing down the iPhone

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

11.3.2020 | Apple ဟာ iPhone များကို လုပ်ဆောင်ချက်များနှေးကွေးသွားရန်အတွက် ဒေါ်လာ သန်း ၅၀၀ ခန့် အကုန်အကျ ခံကာ ပြုလုပ်ခဲ့ပါတယ်။

Apple ဟာ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များအတွင်း သက်တမ်းကြာမြင့်ပြီဖြစ်သော iPhone များကို software update များပေးကာ တမင်တကာ လုပ်ဆောင်ချက်များနှေးကွေးသွားစေရန်ပြုလုပ်ခဲ့တဲ့အတွက် တရားစွဲဆိုမှု များခံခဲ့ရပါတယ်။ ဒီအခြေအနေဟာ ယခုအခါတွင် တရားရုံးပြင်ပမှဖြေရှင်းနိုင်တဲ့အခြေအနေသို့ရောက်ရှိခဲ့ပါပြီ။

အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Apple က ဘက်ထရီအားလုံလုံလောက်လောက်ထုတ်ပေးနိုင်စွမ်းမရှိတော့တဲ့ ဟောင်းနွမ်းနေသော iPhone မော်ဒယ်များကို နှေးကွေးသွားစေရန်နှင့် reboot မပြုလုပ်နိုင်စေရန်အတွက် တမင် ပြုလုပ်ခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။ ဒီဝန်ခံပြောဆိုမှုအပြီးတွင် ဝေဖန်မှုများဟာအများအပြားဖြစ်ပေါ်ခဲ့ပြီး Apple ဟာ ကမ္ဘာတစ်လွှား တရားစွဲဆိုခံရမှုများနဲ့ရင်ဆိုင်ခဲ့ရပြီး ဒဏ်ကြေးငွေများပေးဆောင်ခဲ့ရပါတယ်။ ၎င်းဟာ ပြင်သစ်နိုင်ငံတွင်လည်း မကြာသေးမှီကပင် ယူရိုငွေ ၂၅သန်း ပေးဆောင်ခဲ့ရပါသေးတယ်။ အမေရိကန်နိုင်ငံတွင်မူ ထို့ထက်ပိုမိုများပြားတဲ့ပမာဏကိုပေးဆောင်ရနိုင်ခြေရှိနေပါတယ်။ ထို့ကြောင့် ဒီ နည်းပညာကုမ္ပဏီကြီးဟာ စွဲဆို မှုများကို အဆုံးသတ်စေဖို့အတွက် ထိခိုက်မှုရှိသွားစေတဲ့ဖုန်းတစ်လုံးတိုင်းအတွက် အမေရိကန်ဒေါ်လာ 25 ကျပ် ကိုပေးလျော်သွားမယ်လို့သိရှိရပြီး ယခုအခါတွင် ထိုကဲ့သို့ တရားရုံးပြင်ပမှ ဖြေရှင်းနိုင်သဘောတူညီချက် အတွက် တရားရုံးရဲ့ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေလျက်ရှိနေပါတယ်။ အနည်းဆုံးတော့ ဒီကုမ္ပဏီဟာ အမေရိကန် ဒေါ်လာသန်းပေါင်း ၃၁၀ခန့် ပေးဆောင်ရနိုင်နေပါတယ်။ Apple ဟာ ထိုအဖြစ်အပျက်အတွက် အပြစ်တင်ရမယ့် သူကိုရှာဖွေဖို့မပြုလုပ်လိုပဲ ဖြစ်ပွားလာနိုင်တဲ့ အမှုများကို မြန်နိုင်သမျှမြန်မြန်ပြီးစီးဖို့ကိုသာလိုလားလျက်ရှိနေပါ တယ်လို့ပြောကြားခဲ့ပါတယ်။ သို့သော်လည်း ဒီကိစ္စရဲ့နောက်ကွယ်ကအကြောင်းအရင်းကတော့ တရားရုံးကချ မှတ်လိုက်မယ့် ဒဏ်ကြေးငွေများဟာ ဒီထက်ပိုမိုများပြားနိုင်ဖွယ်ရာရှိတဲ့အပြင် ဒီအမှုဖြစ်ပွားမှုတစ်ရပ်လုံးဟာ ကုန်ပစ္စည်းအမှတ်တံဆိပ်ရဲ့ပုံရိပ်ကို ထိခိုက်စေနိုင်တဲ့အတွက်ပဲဖြစ်ပါတယ်။ ကျွမ်းကျင်သူများရဲ့ ခန့်မှန်းချက်အရ ဖုန်းတစ်လုံးချင်းစီရဲ့ ထိခိုက်ပျက်စီးမှုတန် ကြေးဟာ အမေရိကန်ဒေါ်လာ ၄၆ကျပ်ခန့်ရှိမှာဖြစ်သော်လည်း ဒီအမှု ကို တရားရုံးမှ ကိုင်တွယ်ဖြေရှင်းရပါက ပျက်စီးထိခိုက်မှုရှိတဲ့စုစုပေါင်းတန်ကြေးရဲ့ ၃၀% ခန့်သာ အလျော်ရမှာ ဖြစ်တဲ့အတွက် ထိခိုက်နစ်နာမှုတွေရှိခဲ့တဲ့ သုံးစွဲသူများရဲ့ကိုယ်စားလှယ်များကလဲ ဖုန်းတစ်လုံးစီတိုင်းအတွက် အမေရိကန်ဒေါ်လာ ၂၅ ကျပ်စီပေးလျော်သွားမယ့် အစီအစဉ်ကိုလက်ခံခဲ့ပါတယ်။
 

(Unicode)


 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။