Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
The Information မှ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ရေးသားထားခဲ့တဲ့ သတင်းတစ်ပုဒ်အရ Apple ဟာ သူတို့ရဲ့ streaming ဝန်ဆောင်မှုဖြစ်တဲ့ Apple TV+ အတွက် ယခုနှစ်အတွင်း ကန်ဒေါ်လာ သန်း ၅၀၀ ခန့်ကို သုံးစွဲသွားဖို့ စီစဉ်လျှက်ရှိကြောင်း သိရှိရပါတယ်။
ဒါ့အပြင် Apple ဟာ သူတို့ရဲ့ TV show အသစ်များနဲ့ ရုပ်ရှင်ဇာတ်ကားအသစ်များကိုလည်း ယခုနှစ်ကထက် ၂ ဆခန့်ပိုမိုတိုးမြှင့်၍ ၂၀၂၂ ခုနှစ်အတွင်း အနည်းဆုံး တစ်ပတ်လျှင်တစ်ကြိမ်ခန့် ထုတ်လွှင့်ပေးနိုင်ဖို့အတွက် စီစဉ်လျှက်ရှိနေကြောင်း The Information မှ ဆိုထားခဲ့ပါတယ်။
ယခုအခါ Streaming ဈေးကွက်တွင် နေရာယူထားပြီးဖြစ်သော Netflix, Disney+, နဲ့ Amazon ရဲ့ Prime Video ကဲ့သို့သော ဝန်ဆောင်မှုများနဲ့ ပြင်းပြင်းထန်ထန်ယှဉ်ပြိုင်မှု ပြုလုပ်နိုင်ရန်အတွက် Apple ဟာ သူတို့ရဲ့ content နဲ့ ဈေးကွက်ချဲ့ထွင်ရေး နည်းဗျူဟာများအတွက် ရင်းနှီးမြှုပ်နှံမှုများကို များစွာပြုလုပ်လျှက်ရှိနေပြီဖြစ်ပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။