Apple tests new way to unlock an iPhone without removing a face mask

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

11.2.2021 | Apple မှ iPhone များကို Face mask များ မချွတ်ဘဲ unlock ပြုလုပ်နိုင်မည့် နည်းလမ်းအသစ်ကို စမ်းသပ်လျှက်ရှိ

CNN Business သတင်းများအရ အချို့သော iPhone အသုံးပြုသူများအနေနဲ့ သူတို့ရဲ့ စမတ်ဖုန်းများကို လူထူထပ်သောနေရာများတွင် ချွတ်စရာမလိုတော့ပဲ unlock ပြုလုပ်နိုင်လာတော့မှာဖြစ်ကြောင်း သိရှိရပါတယ်။ သို့သော်လည်း ထိုသို့ ပြုလုပ်နိုင်ဖို့အတွက် အခြားသော Apple device တစ်ခုကို လိုအပ်မှာဖြစ်ပါတယ်။ 

Apple ဟာ အသုံးပြုသူများအနေနဲ့ သူတို့ iPhone များရဲ့ face recognition security tool, Face ID ကို Apple Watch ဝတ်ဆင်ထားပါက unlock ပြုလုပ်၍ရနိုင်မည့် နည်းလမ်းတစ်ခုကို iOS software အသစ်တစ်ခုအဖြစ် စမ်းသပ်လျှက်ရှိနေပါတယ်။ လက်ရှိမှာတော့ အသုံးပြုသူမှ Mask များကို ဝတ်ဆင်ထားပါက Face ID မှ အလိုအလျှောက်သိရှိနိုင်ပြီး passcode entry screen ကို ပေါ်လာစေပါတယ်။ 

နောက်ဆုံးရသတင်းများအရ iPhone များကို sync ပြုလုပ်ထားတဲ့ Apple Watch များနဲ့ ချိတ်ဆက်ပြီး Face ID သုံးဖို့အတွက် ဖုန်းကို မြှောက်လိုက်ပါက အလိုအလျှောက်သိရှိပြီး iPhone ကို ဖွင့်ပေးနိုင်မည့် software တစ်ခုကို စမ်းသပ်မှုများပြုလုပ်လျှက်ရှိနေပါတယ်။ အတည်ပြုခြင်းအား အောင်မြင်စွာလုပ်ဆောင်နိုင်ရန်အတွက် အဆိုပါ device ၂ ခုဟာ တစ်ခုနဲ့ တစ်ခု နီးနီးကပ်ကပ်ရှိနေရမှာဖြစ်ပြီး iPhone မှ အလိုအလျှောက် unlock ပြုလုပ်ပေးတဲ့အခါတွင် Apple Watch ဟာ တုန်ခါခြင်းဖြင့် အချက်ပြပေးသွားမှာလည်း ဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။