Apple sues their recycling partner for illegally reselling more than 100,000 iPhones, iPads and Watches meant to dismantle.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

7.10.2020 | Apple ရဲ့ recycling partner ကို ဖျက်ဆီးရန် ပေးထားခဲ့သော iPhone, iPad နဲ့ Apple Watch ၁သိန်းခန့်အား ခိုးယူရောင်းချခဲ့ခြင်းကြောင့် Apple မှ တရားစွဲဆို

ယခုအပတ်အတွင်း Apple က သူတို့ရဲ့ အရင် recycling partner အဟောင်းဖြစ်တဲ့ GEEP Canada ကို “ဖျက်စီးပစ်ရန် ပေးထားသည့် iPhone, iPad နဲ့ Apple Watch ၁သိန်းခန့်အား ခိုးယူရောင်းချခဲ့သည့်အတွက်” တရားစွဲဆိုခဲ့ပါတယ်။ The Logic ရဲ့ သတင်းများအရ၊ Apple ရဲ့ တင်ပြမှုတစ်ခုတွင် “GEEP ကုမ္ပဏီရဲ့ နယ်နိမိတ် အတွင်းမှ Apple device ပေါင်း ၁၁,၇၆၆ ပေါင်ခန့်ဟာ ဖျက်ဆီးခြင်းခံရခြင်းမရှိပဲ ထွက်ခွာသွားခဲ့တယ်” ဟူ၍ ဆိုပါတယ်။ 

၂၀၁၅ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၁၇၊ ဒီဇင်ဘာလအတွင်း Apple ဘက်မှ iPhone, iPad နဲ့ Apple Watch အလုံးပေါင်း ၅သိန်းခဲ့ကို ဖျက်ဆီးပစ်ရန်အတွက် ပေးပို့ခဲ့ပြီး Apple က စာရင်းစစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် ဒီ device များရဲ့ ၁၈% ခန့်ဟာ cellular network များမှတဆင့် အင်တာနက်သို့ဝင်ရောက်လျှက်ရှိနေတာကို တွေ့ရှိ ခဲ့ရပါတယ်။ ဒါဟာ cellular network မပါဝင်တဲ့ အခြား device တွေ ပါဝင်ခြင်းရှိမနေသေးတဲ့အတွက် ဖြစ်နိုင်တာကတော့ ဒီပမာဏထက်များတဲ့ gadget များကို တရားမဝင်ရောင်းချထားတာပါပဲ။ 

Apple က သူတို့ရဲ့ အဆိုပါလုပ်ငန်းပါတနာအဟောင်းထံမှ ကနေဒါဒေါ်သာ ၃၁သန်း (အမေရိကန်ဒေါ်လာ ၂၂.၇သန်းခန့်) ကို လျော်ကြေးရယူလိုနေပြီး GEEP ကတော့ သူတို့ဖက်က ထိုသို့ပြုလုပ်ခဲ့တာမဟုတ်ပဲ ဝန်ထမ်း ၃ဦးက သူတို့ဆန္ဒအလျှောက်ခိုးယူသွားခဲ့ခြင်းဖြစ်တယ်ဟုဆိုကာ သီးသန့်အမှုတစ်ခုကိုဖွင့်ခဲ့ပါသေးတယ်။ သို့သော်လဲ Apple ကတော့ ဒီအရာကိုယုံကြည်မှုမရှိပဲ ဒီဝန်ထမ်းများဟာ အဆိုပါကုမ္ပဏီက အကြီးတန်း management များပဲဖြစ်ကြတယ်လို့ဆိုပါတယ်။
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။