Apple sues NSO Group Technologies – an Israeli Spyware Group 

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

15.12.2021 | Apple မှ NSO Group Technologies ဟုအမည်ရတဲ့ အစ္စရေးနိုင်ငံအခြေစိုက် Spyware Group တစ်ခုအား တရားစွဲဆို

Apple ဟာ ဂျာနယ်လစ်များ၊ နိုင်ငံရေးအရ ဆန့်ကျင်လှုပ်ရှားသူများ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများရဲ့ mobile phone များကို ပစ်မှတ်ထားနိုင်သော စောင့်ကြည့်ရေး software (Surveillance Software) ထုတ်လုပ်သူဖြစ်တဲ့ NSO Group Technologies လို့ အမည်ရတဲ့ အစ္စရေးနိုင်ငံအခြေစိုက် စစ်ဘက်ဆိုင်ရာအဆင့် Spyware ထုတ်လုပ်မှုကုမ္ပဏီကို Apple ရဲ့ ထုတ်ကုန်များကို အသုံးပြုနေခြင်းအား တားမြစ်နိုင်ရန်အတွက် ရည်ရွယ်၍ တရားစွဲဆိုမှုပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ 

ကယ်လီဖိုးနီးယားပြည်နယ်၊ ဖက်ဒရယ်တရားရုံးတွင် စွဲချက်တင်ခဲ့တဲ့ Apple ရဲ့ စွဲဆိုချက်တွင် - အဆိုပါ အစ္စရေးနိုင်ငံအခြေစိုက် အကြီးမားဆုံး cyber warfare company တစ်ခုဖြစ်တဲ့ NSO ဟာ Apple ဖုန်းကို သုံးစွဲနေသူများအား ပစ်မှတ်ထား၍ စောင့်ကြည့်မှုများပြုလုပ်ခဲ့ကြတယ်လို့ စွဲချက်တင်ခဲ့ပြီး ယခုအခါတွင် Apple ဘက်မှ ထိခိုက်မှုများအတွက် နစ်နာကြေးပေးရန်နှင့် NSO မှ နောက်ထပ် Apple ရဲ့ software, device များနှင့် ဝန်ဆောင်မှုများကို အသုံးပြုနိုင်ခြင်းမရှိစေရန် တားမြစ်နိုင်ဖို့အတွက် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ 

NSO ဆိုတာကတော့ iPhone များနဲ့ Android smartphone များတွင်ရှိသော အားနည်းချက်များကို အသုံးချ၍ ပစ်မှတ်ထားသူရဲ့ device အတွင်းသို့ ရိပ်မိခြင်းမရှိပဲ တိတ်တဆိတ်ဝင်ရောက်နိုင်စေမည့် Pegasus လို့အမည်ရတဲ့ spyware တစ်ခုရဲ့ တီထွင်ဖန်တီးသူများပဲဖြစ်ပါတယ်။ Apple ရဲ့ ယခုတရားစွဲဆိုမှုတွင်တော့ မကြာသေးမှီကပဲပြင်ဆင်လိုက်တဲ့ FORCEDENTRY လို့အမည်ပေးထားတဲ့ အားနည်းချက်အချို့ရဲ့ အသေးစိတ်အချက်အလက်များပါဝင်ခဲ့ပြီး NSO ရဲ့ client များမှ အဆိုပါအားနည်းချက်ကိုအသုံးပြု၍ အရေအတွက်အတိအကျ မသိရှိရသေးတဲ့ ပစ်မှတ်အသုံးပြုသူများထံသို့ ၈ လခန့်ကြာ code များကို ပေးပို့နေခဲ့တယ်လို့ စွဲချက်တင်ထားပြီး NSO ဘက်ကတော့ “၎င်းတို့ရဲ့ software ဟာ ထောင်ပေါင်းများစွာသောသူများရဲ့ အသက်များကိုကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့ရဲ့နည်းပညာများဟာ အစိုးရအဖွဲ့အစည်းများကို သက်ငယ်မုဒိမ်းကောင်များနဲ့ အကြမ်းဖက်သမားများကို ဖမ်းမိနိုင်စေရန်အတွက် အကူအညီပေးနိုင်ခဲ့တယ်” ဟူ၍ ပြန်လည်တုန့်ပြန်ခဲ့တယ်လို့ သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။