Apple’s new subscription plan Apple One has launched

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

9.11.2020 | Apple ရဲ့ subscription plan အသစ် “Apple One” ထွက်ရှိ

Apple ရဲ့ CFO Luca Maestri ရဲ့အတည်ပြုပြောဆိုချက်များအရ Apple ရဲ့ all-in-one subscription service bundle “Apple One” ဟာ အောက်တိုဘာ ၃၁ရက်နေ့က ထွက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ CEO ဖြစ်သူ Tim Cook ကလဲ ဒီ bundle ကိုထုတ်လွှင့်တော့မည့်အကြောင်းကို နိုဝင်ဘာ ၁ရက်နေ့က သူတို့ကုမ္ပဏီရဲ့ quarterly investor call တွင် အတည်ပြုပြောဆိုသွားခဲ့ပါသေးတယ်။ 

Apple One ဟာ plan ၃ ခုကို offer ပြုလုပ်ပေးသွားမှာဖြစ်ပြီး - individual, family နဲ့ premier ဟူ၍ အမျိုးအစား ၃ မျိုးခွဲခြားထားကာ တစ်ခုစီတိုင်းတွင် Apple Music, Apple TV+, Apple Arcade, iCloud, Apple News+ နဲ့ မကြာမှီတွင်ရရှိနိုင်တော့မည်ဖြစ်သော Apple Fitness+ တို့ကို အတွဲအစပ်များဖြင့် offer ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ Individual plan တွင် အသုံးပြုသူတစ်ဦးအတွက် Apple Music, Apple TV+, Apple Arcade တို့ပါဝင်မှာဖြစ်ပြီး သင့်ရဲ့ iCloud Storage ကိုလည်း မူရင်း 50GB မှ 200 GB သို့ တိုးမြှင့်ပေးမည့်အစီအစဉ်ကို တစ်လလျှင် 14.95$ ဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ Family plan တွင်တော့ Apple Music ကို Family Subscription အဖြစ်သို့ upgrade ပြုလုပ်ပေးသွားမှာဖြစ်ပြီး သင့်ရဲ့ iCloud storage ကိုလည်း 200 GB သို့ တိုးမြှင့်ပေးမည့်အစီအစဉ်ကို တစ်လလျှင် 19.95$ ဖြင့်ရရှိနိုင်မှာ ဖြစ်ပါတယ်။ Premier တွင်တော့ Apple News+ နဲ့ Apple Fitness+ တို့ပါဝင်မှာဖြစ်ပြီး သင့်ရဲ့ iCloud Storage ကို 2TB သို့ တိုးမြှင့်ပေးသွားမှာဖြစ်ကာ တစ်လလျှင် 29.95$ ကျသင့်မှာပဲဖြစ်ပါတယ်။ 

Premier Plan ကိုတော့ ယခုအချိန်တွင် ကနဦးအနေနဲ့ Apple News+ ဝန်ဆောင်မှုရရှိနိုင်သော အမေရိကန်နှင့် UK, ကနေဒါ၊ ဩစတေးလျနိုင်ငံများတွင်သာရရှိနိုင်ဦးမှာဖြစ်ပါတယ်။ သို့သော်လည်း ပထမဦးဆုံးပြောကြားသွားခဲ့တဲ့ plan ၂ ခုကိုတော့ လူတိုင်းဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။