Apple reportedly wants to slow down hiring in 2023

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

30.7.2022 | Apple မှ ၂၀၂၃ ခုနှစ်တွင် ဝန်ထမ်းခေါ်ယူမှုကို လျှော့ချသွားရန်စီစဉ်လျှက်ရှိနေ။ 

Bloomberg မှ သတင်းတစ်ပုဒ်အရ Apple ဟာ ၎င်းတို့ရဲ့ ၂၀၂၃ ခုနှစ်အတွင်း ဝန်ထမ်းခေါ်ယူမှုကို လျှော့ချသွားရန် စီစဉ်လျှက်ရှိနေကြောင်း သိရှိရပါတယ်။ 

ဒီအပြောင်းအလဲဟာ Bloomberg ရဲ့ သတင်းအရ အဖွဲ့တိုင်းအပေါ်သက်ရောက်မှုရှိမှာမဟုတ်သော်လည်း အချို့သောအဖွဲ့များတွင်တော့ လာမည့် ၂၀၂၃ ခုနှစ်တွင် ဝန်ထမ်းအသစ်များကို ထပ်မံ၍ခေါ်ယူမှုပြုလုပ်မှာ မဟုတ်သလို အချို့လစ်လပ်ရာထူးနေရာများကိုလည်း ပြန်လည်ဖြည့်တင်းသွားမှာမဟုတ်ကြောင်း သိရှိရပါတယ်။ 

Apple ဟာ ကာလကြာရှည်စွာ သတင်းတစ်ပုဒ်အနေနဲ့သာရှိနေခဲ့တဲ့ ၎င်းတို့ရဲ့ Mixed reality headset ကိုလည်း ၂၀၂၃ ခုနှစ်တွင်စတင်ထုတ်လုပ်ရောင်းချသွားရန် စီစဉ်လျှက်ရှိနေကြောင်းသိရှိရပြီး Apple ဘက်ကတော့ အဆိုပါအကြောင်းအရာနဲ့ပတ်သက်၍ မှတ်ချက်တစ်စုံတရာကို ပေးခဲ့ခြင်းမရှိသေးပါဘူး။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။