Apple pushed out updates for iOS and iPadOS to fix zero-day vulnerability flaws

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

30.3.2021 | Apple မှ iOS နဲ့ iPadOS တို့တွင်ရှိသော zero-day vulnerability အားနည်းချက်များကို ပြင်ဆင်နိုင်ရန် update များထုတ်လွှင့်ပေးခဲ့ 

Apple မှ iOS နဲ့ iPadOS ရှိ Safari နဲ့ အခြားသော browser များနောက်ကွယ်တွင် Apple mobile device များပေါ်၌ အလုပ်လုပ်ပေးလျှက်ရှိသော WebKit – browser rendering engine တွင်ရှိသော zero-day vulnerability အားနည်းချက်များကို ပြင်ဆင်နိုင်ရန်အတွက် March လ ၂၆ ရက်နေ့တွင် update များထုတ်လွှင့်ပေးခဲ့ပါတယ်။ 

Apple ၏ လုံခြုံရေးအတိုင်အပင်ခံတစ်ဦးမှတော့ “အဆိုပါအားနည်းချက်ကို Hacker များမှအသုံးချနေနိုင်ကြောင်းကိုလည်း Apple မှ သိရှိထားကြောင်း” ပြောကြားသွားခဲ့ပါတယ်။ ဆိုလိုသည်မှာ ထိုအားနည်းချက်ကိုအသုံးပြုပြီး iPhone နဲ့ iPad များကို hack ပြုလုပ်ရန်အတွက် အသုံးပြုနေနိုင်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ device များကို iOS 14.4.2 နဲ့ iPadOS 14.4.2 သို့ update ပြုလုပ်လိုက်ပါက အဆိုပါ အားနည်းချက်ကို ပြင်ဆင်ပေးနိုင်မှာဖြစ်ပါတယ်။ 

သင့် device ကို Wi-Fi ဖြင့် အင်တာနက်ချိတ်ဆက်၍လည်း update ပြုလုပ်၍ရနိုင်ပါတယ်။ Settings > General > Software Update မှတဆင့် Download and Install ကို ရွေးပေးရုံပဲဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။