Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Apple ဟာ သောင်းနဲ့ချီတဲ့ app များကို သူတို့ရဲ့ Chinese version App Store ပေါ်ကနေ ဖယ်ရှားမှုများကို ၂၀၂၀ နှစ်ရဲ့နောက်ဆုံးဖြစ်တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဘေဂျင်းမှညွှန်ကြားချက်များအရ ပြုလုပ်ပေးခဲ့တယ်လို့ သိရှိခဲ့ရပြီး အများစုဟာခွင့်ပြုချက်လိုင်စင်မရထားတဲ့ ဂိမ်းများဖြစ်ပါတယ်။
Apple မှ app ပေါင်း ၄၆,၀၀၀ ခန့်ကို သူတို့ရဲ့ Chinese version App Store ပေါ်မှ New Year Eve တွင် ဖယ်ရှားခဲ့ပါတယ်။ Research Firm တစ်ခုဖြစ်တဲ့ Qimai မှပြုလုပ်ခဲ့တဲ့ လေ့လာမှုများအရ 85% ဟာ ဂိမ်းများဖြစ်တယ်လို့သိရှိခဲ့ရပါတယ်။ ထိုအထဲမှာ Ubisoft ရဲ့ Assassin’s Creed Identity နဲ့ Basketball simulation ဂိမ်းတစ်ခုဖြစ်တဲ့ NBA 2K20 တို့လည်း ပါဝင်သွားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်ခန့်ကတည်းက တရုတ်အာဏာပိုင်များဟာ ဂိမ်းများကိုနိုင်ငံအတွင်းဖြန့်ချီရာတွင် တရားဝင်လိုင်စင်ရယူဖို့လိုအပ်မယ့် ဉပဒေတစ်ရပ်ကိုထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံခြားကုမ္ပဏီများဟာလည်း ဂိမ်းများကို သုံးစွဲသူများထံသို့တိုက်ရိုက်ရောင်းချခွင့်မရှိပဲ ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်း၍သာ ထိုသို့လုပ်ကိုင်ရမှာဖြစ်ကြောင်းကိုလည်း ဥပဒေတစ်ရပ် ပြဌာန်းခဲ့ပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။