Apple Podcasts, will it become another ATM for Apple?

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

21.1.2021 | Apple Podcasts ဟာ Apple အတွက် နောက်ထပ် ATM စက်တစ်ခုဖြစ်လာနိုင်မလား?

Apple ဟာ သူတို့ရဲ့ platform ပေါ်တွင် Podcasts app ကို ထုတ်လွှင့်ပေးခဲ့တာ အချိန်အတော်ကြာခဲ့ပါပြီ။ ဒါပေမယ့် ဒီတစ်ခါမှာတော့ Apple ဟာ ယခင်ကနဲ့မတူတဲ့ပုံစံတစ်မျိုးကို စမ်းသပ်လျှက်ရှိနေပြီး သတင်းများအရ Podcast ဝန်ဆောင်မှုများကို subscription ပြုလုပ်ရမည့်ဝန်ဆောင်မှုအသွင်သို့ပြောင်းလဲပြီး အသုံးပြုသူများအနေနဲ့ ပေးရတာနဲ့တန်မယ့် content များကို ပေးအပ်နိုင်စေဖို့အတွက် စီစဉ်နေပါတယ်။

ဒါဟာ Podcast ဈေးကွက်အတွက် အသစ်အဆန်းတစ်ခုတော့မဟုတ်ပါဘူး။ ယခင်ကတည်းက Spotify ဟာ ဒေါ်လာသန်းပေါင်းများစွာကိုအသုံးပြုပြီး လူကြိုက်များရေပန်းစားတဲ့ show များအတွက် မူပိုင်ခွင့်ကိုရယူပြီး အသုံးပြုသူများထံမှ လစဉ်ကြေး (subscription fee) ကောက်ယူကာ ပြန်လည်ထုတ်လွှင့်ပေးလျှက်ရှိနေပါတယ်။

Apple ဟာလည်း လူကြိုက်များရေပန်းစားနေတဲ့ podcast စီးရီးများကို မူပိုင်ခွင့်နဲ့တကွ သဘောတူညီချက်များချုပ်ဆိုဝယ်ယူလာနိုင်ချေရှိနေပြီး ဒါကြောင့်သင့်အနေနဲ့ ထိုအရာများကို နားဆင်နိုင်စေဖို့အတွက်တစ်ခုတည်းသောနည်းလမ်းမှာ ထို content များအတွက် ငွေကြေးအသုံးပြုမှသာ ရရှိနိုင်တော့မှာပဲဖြစ်ပါတယ်။ ယခုအချိန်အထိမှာတော့ Apple ဟာ အစီအစဉ်များရေးဆွဲနေဆဲအဆင့်မှာပဲ ရှိနေသေးကာ လုပ်ငန်းလက်တွဲဖော်ပါတနာများနဲ့ ဆွေးနွေးမှုများကို ပြုလုပ်နေဆဲဖြစ်တဲ့အတွက် Apple Podcasts ဟာ Apple အတွက်နောက်ထပ် ATM စက်တစ်ခုဖြစ်လာနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ကြရဦးမှာပဲဖြစ်ပါတယ်။

 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။