Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Apple ဟာ Taiwan Semiconductor Manufacturing Co. နဲ့ ပူးပေါင်း၍ နောင်တွင်ထုတ်လုပ်ရန် ရှိသော augmented reality (AR) device များတွင်အသုံးပြုသွားရန်အတွက် micro OLED display များကို တီထွင်ထုတ်လုပ်လျှက်ရှိကြောင်းကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ ၂၀၂၀၁ ခုနှစ်တွင် Nikkei Asia မှ သတင်းတစ်ပုဒ်အရ သိရှိခဲ့ရပါတယ်။
အဆိုပါသတင်းအရ - Apple ဟာ iPhone processor များရဲ့ တစ်ဦးတည်းမူပိုင် supplier ဖြစ်သော TSMC နဲ့ ပူးပေါင်းလက်တွဲ၍ micro OLED display များကို တီထွင်လျှက်ရှိနေပါတယ်။ အဆိုပါ display များဟာ ဝတ်ဆင်အသုံးပြုရမည့် AR device များတွင် အသုံးပြုသွားရန် ဖြစ်ကာ ပိုမိုပါးလွှာပြီး၊ သေးငယ်၍ power အသုံးပြုမှုဟာလည်း ပိုမိုနည်းပါးမှာဖြစ်ပါတယ်။
အဆိုပါ display များဟာ လက်ရှိအချိန်မှာတော့ ထုတ်လုပ်လျှက်ရှိနေဆဲပင်ဖြစ်ပြီး အရွယ်အစားအားဖြင့် တစ်လက်မထက်ပိုမိုသေးငယ်မှာဖြစ်ပါတယ်။ အဆိုပါ TSMC နှင့် Joint Project ဟာ လောလောဆယ်မှာတော့ အစမ်းထုတ်လုပ်ဆဲအဆင့်မှာသာရှိနေသေးပြီး ပမာဏများစွာထုတ်လုပ်နိုင်ဖို့ကိုတော့ နှစ်အနည်းငယ်ကြာ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။