Apple paid Samsung $ 950 million for unremoved displays

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

26.7.2020 | Apple ဟာ Samsung ကို Display များမှာယူထားသည်ထက်လျော့နည်းကာ ဝယ်ယူခဲ့သည့်အတွက် အမေရိကန်ဒေါ်လာ ၉၅၀ မီလီယံ ဒါဏ်ကြေးပေးဆောင်ခဲ့ရ

Samsung ဟာ သူတို့ရဲ့ ဒုတိယ ၄လတာကာလအတွက် ဘဏ္ဍာရေး statement များကိုထုတ်ဖော်ပြ သလိုက်ပြီဖြစ်ပါတယ်။ ၎င်းအရ သူတို့ရဲ့ display ဌာနဟာ လွန်စွာအကျိုးအမြတ်များဖြစ်ထွန်းခဲ့ပါ တယ်။ Apple ဟာ သူတို့ကုမ္ပဏီကို မှာယူထားသည်ထက်လျော့နည်းသော display ပမာဏကိုသာ ဝယ်ယူခဲ့သည့်အတွက် ဒေါ်လာ တစ်ဘီလျံနီးပါးခန့် လျော်ကြေးငွေများပေးဆောင်ခဲ့ရလို့ပဲဖြစ်ပါ တယ်။ 

DSCC နဲ့ တောင်ကိုရီးယား web portal တစ်ခုဖြစ်တဲ့ TheElect.net ရဲ့ အဆိုအရ Apple ဟာ စာချုပ်စာတမ်း ဖောက်ဖျက်မှုအတွက် Samsung ကို ဒေါ်လာ ၉၅၀ မီလီယံပေးဆောင်ခဲ့ရတယ်လို့ သိရှိရပါတယ်။ ဒီအရာဟာ ဒီနှစ်ပထမ ၄လတာကာလအတွင်း Apple မှ မှာယူခဲ့တဲ့ OLED panel ပမာဏကို လျှော့ချနိုင်ဖို့အတွက် ပေးဆောင်ရတဲ့ ဒဏ်ကြေးတစ်ရပ်ဖြစ်ပါတယ်။ 

ထိုသို့ဖြစ်ပွားခဲ့ရခြင်းရဲ့ အကြောင်းအရင်းကတော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် iPhone ရောင်းအားများလျော့ကျသွားခြင်းကြောင့်ဖြစ်ပြီး ထိုအချိန်က တရုတ်ပြည်ရှိစက်ရုံများနဲ့ ကမ္ဘာတစ် ဝှမ်းရှိ Apple စတိုးဆိုင်များဟာပိတ်သိမ်းထားရတဲ့အတွက် ရောင်းအားများ ၈.၂ ရာခိုင်နှုန်းခန့်ထိုးကျ သွားတဲ့အတွက်ပဲဖြစ်ပါတယ်။ 

ထို့နည်းတူစွာပင် ပြီးခဲ့တဲ့နှစ်ကလည်း Apple ဟာ အမေရိကန်ဒေါ်လာ ၆၈၄ မီလီယံကို အဆိုပါ တောင်ကိုရီးယားကုမ္ပဏီကြီးကိုပေးဆောင်ခဲ့ရပါသေးတယ်။ 

ဒါကြောင့်ပဲ Apple ဟာ panel supplier ကို BoE သို့ပြောင်းလဲရန် ဆန္ဒရှိနေတာဖြစ်နိုင်ပါတယ်။ သို့သော်လည်း ထိုကုမ္ပဏီရဲ့ အစိတ်အပိုင်းများဟာ အရည်အသွေးစစ်ဆေးမှုကိုအောင်မြင်ခြင်းမရှိ ခဲ့တဲ့အတွက် Apple ဟာ Samsung နဲ့ သာ ဆက်လက်ပြီး လက်တွဲလုပ်ဆောင်နေရဦးမှာဖြစ်ပါ တယ်။ 

(Unicode)





သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။