Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
iPhone 12 နှင့် iPhone 12 Pro တို့ကို ပိုင်ဆိုင်ထားသူများအတွက် Apple မှ ဝန်ဆောင်မှုကြေငြာချက်တစ်ရပ်ကို မကြာသေးမှီကထုတ်ပြန်ခဲ့ပါတယ်။
၎င်းတို့ရဲ့ အဆိုအရ အနည်းငယ်သော iPhone 12 နဲ့ iPhone 12 Pro model များဟာ ဖုန်း speaker များကို ထိခိုက်မှုရှိစေတဲ့ ချို့ယွင်းချက်အချို့ရှိနေပြီး ဒီအချက်ကြောင့် Apple မှ “အကယ်၍ သင်တို့ရဲ့ iPhone 12 (သို့) iPhone 12 Pro များဟာ သင်တို့ဖုန်းခေါ်ဆိုခြင်း၊ လက်ခံခြင်းတို့ကိုပြုလုပ်ရာတွင် အသံကိုထုတ်လွှင့်ပေးနိုင်ခြင်းမရှိပါက ဒီဝန်ဆောင်မှုကို ရယူနိုင်မှာဖြစ်ပါတယ်။ Apple (သို့မဟုတ်) Apple ရဲ့ authorized Service Provider များမှ အဆိုပါအကျုံးဝင်တဲ့ device များကို အခမဲ့ ပြုပြင်ပေးသွားမှာဖြစ်ပါတယ်” ဟူ၍ ပြောကြားခဲ့ပါတယ်။
အထက်ဖော်ပြပါ ပြဿနာကို iPhone 12 နဲ့ iPhone 12 Pro တို့တွင်သာတွေ့ရှိရမှာဖြစ်ပြီး iPhone 12 mini နဲ့ iPhone 12 Pro Max တို့တွင်တော့ အဆိုပါပြဿနာကိုတွေ့ကြုံရမှာမဟုတ်ကြောင်းကိုလည်း Apple မှ ရှင်းလင်းပြောကြားခဲ့ပြီး သက်ဆိုင်ရာဖုန်းများကို ပိုင်ဆိုင်ထားသူများအတွက် Apple မှ အခမဲ့ပြုပြင်ပေးသွားမှာဖြစ်ပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။