Apple is Planning to Redesign the new iPad Mini

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

28.7.2021 | အသစ်ထွက်ရှိလာမည့် iPad Mini အား ပြန်လည်၍ ဒီဇိုင်းပြင်ဆင်မှုများပြုလုပ်ရန် Apple မှ စီစဉ်လျှက်ရှိ

9to5Mac ရဲ့ သတင်းများအရ Apple ဟာ အသစ်ထွက်ရှိလာမည့် iPad mini ကို တိုးချဲ့ပြင်ဆင်မှုများပြုလုပ်သွားရန် စီစဉ်လျှက်ရှိနေတဲ့အတွက် မကြာမှီကာလများတွင် ထွက်ရှိလာမည့် iPad mini တွင် design အသစ်နှင့်အတူ တိုးချဲ့မှုအသစ်များလည်း ပါဝင်လာနိုင်ပါတယ်။ 

9to5Mac ရဲ့ သတင်းအရင်းအမြစ်များမှ ပြောဆိုချက်အရ iPad mini ဟာ နောက်ဆုံးထွက်ရှိခဲ့တဲ့ iPad Air နှင့် ဆင်တူသော design ဖြင့်ထွက်ရှိလာနိုင်ပြီး home button ကို ထည့်သွင်းခြင်းမပြုတော့ခြင်းနှင့်အတူ screen ရဲ့ ဘေးဘောင်များကိုလည်း သိသိသာသာကို လျှော့ချပေးသွားမှာဖြစ်တဲ့အတွက် ၇.၉ လက်မသာရှိပြီး screen အရွယ်အစားသေးငယ်တဲ့ iPad mini အဖို့ ပိုမိုကျယ်ပြန့်တဲ့မျက်နှာပြင်ကို ရရှိလာမှာဖြစ်ကြောင်း သိရှိရပါတယ်။ 

ဒါ့အပြင် အဆိုပါသတင်းအရ iPad mini ဟာ iPad Air နှင့် iPad Pro များကဲ့သို့ပင် lightning port အစား USB type-C အားသွင်းပေါက်နှင့် ထွက်ရှိလာမှာဖြစ်ပြီး Magic Keyboard ကဲ့သို့သော အပိုပစ္စည်းများဖြင့် ချိတ်ဆက်နိုင်ရန်အတွက် smart connector တစ်ခုလည်းပါဝင်လာမှာဖြစ်ပါတယ်။ အဆိုပါ iPad mini ကို Apple မှ အတိအလင်းကြေငြာမှုမပြုလုပ်ရသေးတဲ့ A15 chip အသစ်ဖြင့် ထွက်ရှိလာနိုင်ကြောင်း သတင်းများလည်း ပျံ့နှံ့လျှက်ရှိနေပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။