Apple is moving their production lines from China to Vietnam

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

8.12.2020 | Apple ဟာ သူတို့ရဲ့ ကုန်ပစ္စည်းထုတ်လုပ်ရေးစက်ရုံများကို တရုတ်နိုင်ငံမှ ဗီယက်နမ်သို့ ရွှေ့ပြောင်းလျှက်ရှိ 

Reuter သတင်းဌာနရဲ့ သတင်းတစ်ပုဒ်အရ Apple ဟာ Foxconn ကို အချို့သော iPad နဲ့ MacBook ထုတ်လုပ်မှုများအား ဗီယက်နမ်နိုင်ငံသို့ ရွှေ့ပြောင်းဖို့အတွက် တောင်းဆိုမှုပြုလုပ်ခဲ့တယ်လို့ သိရှိခဲ့ရပါတယ်။ အဆိုပါ assembly line များဟာ Foxconn ရှိသော Bac Giang ပြည်နယ်တွင် လာမည့်နှစ်ရဲ့ ပထမနှစ်ဝက်မှစတင်၍ ထုတ်လုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့လဲ Reuter ရဲ့ သတင်း source များအရ သိရှိခဲ့ရပါသေးတယ်။ 

အမေရိကန်နဲ့ တရုတ်တို့အကြား ကုန်သွယ်ရေးဆိုင်ရာဆက်ဆံရေးများတင်းမာလာသည်နှင့်အမျှ Apple ဟာလည်း သူတို့ရဲ့ supply chain ကို တရုတ်ပြည်မှ ခွဲထွက်စေလိုတဲ့ဆန္ဒရှိနေဟန်တူပါတယ်။ ယခုအချိန်အထိတွင်တော့ Vietnam တွင် မည်သည့် iPad နဲ့ Mac model များကို တပ်ဆင်သွားမလဲဆိုတာကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။ ဒီနှစ်အစောပိုင်းကလည်း Apple ဟာ AirPods Pro ကို ဗီယက်နမ်နိုင်ငံတွင် စတင်၍ထုတ်လုပ်ခဲ့ပါတယ်။  

Nikkei မှ သတင်းများအရလည်း နိုဝင်ဘာလအစပိုင်းတွင် Foxconn ဟာ ဗီယက်နမ်နိုင်ငံအတွင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၇၀ အထိ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်အတွက် ပြင်ဆင်လျှက်ရှိနေပြီး ကုန်ထုတ်လုပ်မှုများ ပိုမို၍လုပ်ဆောင်နိုင်ဖို့အတွက် ပြုလုပ်လျှက်ရှိနေကြောင်းကို သိရှိခဲ့ပါတယ်။ အဆိုပါ ထိုင်ဝမ်ကုမ္ပဏီကြီးဟာလည်း သူတို့ပိုင်ဆိုင်သော production line များရဲ့ 30% ခန့်ကို တရုတ်ပြည်ပြင်ပရှိ နိုင်ငံများသို့ ပြောင်းရွှေ့သွားဖို့အတွက် စီစဉ်လျှက်ရှိနေပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။