Apple, Google and Microsoft will establish password less sign-in on major platforms

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

18.5.2022 | လူသုံးများသော Platform များပေါ်တွင် Password မလိုအပ်ပဲ Sign-In ဝင်ရောက်နိုင်ရန် Apple, Google နှင့် Microsoft တို့မှ စတင်ဆောင်ရွက်

ကမ္ဘာ့ Password များနေ့ဖြစ်တဲ့ မေလ ၅ ရက်နေ့ မနက်တွင် Apple, Google နှင့် Microsoft တို့မှ အတူတကွပူးပေါင်းမှုတစ်ခုကိုပြုလုပ်၍ ၎င်းတို့မှထုတ်လုပ်သော Mobile ဖုန်း၊ Desktop နှင့် Browser platform များအားလုံးပေါ်တွင် password များထည့်သွင်းစရာမလိုတော့ပဲ sign-in ပြုလုပ်နိုင်မည့် နည်းလမ်းတစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ရှိနေကြောင်း ကြေငြာခဲ့ပါတယ်။

ဒါကြောင့် များမကြာမှီအချိန်ကာလအတွင်းမှာ Android နှင့် iOS mobile operating system များ၊ Chrome, Edge နှင့် Safari browser များနှင့် Windows နှင့် macOS ကွန်ပျူတာများ အစရှိတဲ့ device platform များ အားလုံးနီးပါးတွင် passwordless authentication ဟာ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

Senior director of platform product marketing အဖြစ် Apple တွင် တာဝန်ထမ်းဆောင်လျှက်ရှိတဲ့ Kurt Knight ကတော့ - “ကျွန်ုပ်တို့ရဲ့ ထုတ်ကုန်များကို အသိဉာဏ်မြင့်မားပြီး စွမ်းဆောင်မှုကောင်းမွန်စေရန် ဒီဇိုင်းရေးဆွဲ၍ ထုတ်လုပ်ထားသလိုပဲ ကျွန်ုပ်တို့ရဲ့ ထုတ်ကုန်များကို တစ်သီးတစ်သန့်ဖြစ်စေပြီး လုံခြုံစိတ်ချမှုရှိနေစေရန်လည်း ဒီဇိုင်းရေးဆွဲထားပါတယ်။” “ပိုမိုကောင်းမွန်စွာ အကာအကွယ်ပေးနိုင်ပြီး password များရဲ့ အားနည်းချက်ကို ဖယ်ရှားပေးနိုင်ကာ လုံခြုံစိတ်ချရမှုရှိစွာဖြင့် sign-in ပြုလုပ်နိုင်မယ့် နည်းလမ်းအသစ်များကို ရှာဖွေမှုပြုလုပ်ပေးနိုင်ဖို့အတွက် ဒီလုပ်ငန်းနယ်ပယ်အတွင်းရှိသူများနှင့်အတူ လက်တွဲဆောင်ရွက်ရခြင်းဟာ မြင့်မားသောလုံခြုံမှုနှင့် ပွင့်လင်းမြင်သာမှုရှိတဲ့ user experience ကို ပေးစွမ်းနိုင်ဖို့အတွက်ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ရည်ရွယ်ချက်တွင် အဓိကအကျဆုံးသောအရာတစ်ခုဖြစ်ပါတယ် - အရာအားလုံးဟာ အသုံးပြုသူများရဲ့ ကိုယ်ရေးအချက်အလက်များကို ပေါက်ကြားမှုမရှိစေရေးအတွက်သာ ရည်ရွယ်ထားတာဖြစ်ပါတယ်” ဟူ၍ ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။