Apple change its Office Return date to 2022

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

26.8.2021 | Apple မှ ဝန်ထမ်းများရုံးပြန်တက်ရမည့်နေ့ကို ၂၀၂၂ ခုနှစ်သို့ရွှေ့ဆိုင်းခဲ့ 

Apple မှ အမေရိကနိုင်ငံအတွင်းရှိ ဝန်ထမ်းများအား COVID-19 ရောဂါကူးစက်မှုနှုန်းများမြင့်မားလျှက်ရှိနေတဲ့အတွက် ရုံးပြန်တက်ရမည့် နေ့ရက်ကို ထပ်မံ၍နောက်ဆုတ်ပေးခဲ့ကြောင်းသိရှိရပါတယ်။

Bloomberg ရဲ့ သတင်းတစ်ပုဒ်အရ Apple ဟာ အောက်တိုဘာလတွင်ရုံးပြန်တက်ဖို့ အစီအစဉ်ဆွဲထားခြင်းကို လာမည့်နှစ် ဇန်နဝါရီလသို့ ယာယီအနေနဲ့ပြောင်းရွှေ့ပေးခဲ့ပြီး ဝန်ထမ်းများထံသို့ ပေးပို့ခဲ့တဲ့ e-mail တစ်ခုတွင်တော့ “ဝန်ထမ်းများကို အမှန်တကယ်ရုံးပြန်တက်ရမည့် ရက်မတိုင်မှီ ၁ လကြိုတင်၍အတည်ပြုပေးသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ 

များစွာသောလုပ်ငန်းရှင်များကဲ့သို့ပင် Apple ဟာ hybrid work routine ကိုလည်း ပြုလုပ်ပေးရန် စီစဉ်လျှက်ရှိနေပြီး အကယ်၍ရုံးများပြန်လည်၍ဖွင့်လှစ်ခဲ့ပါက ဝန်ထမ်းများကို တစ်ပတ်လျှင် ၃ ရက် (တနင်္လာ၊ အင်္ဂါနှင့် ကြာသပတေးနေ့များ) သာ ရုံးတက်ခိုင်းစေတော့မှာဖြစ်ပြီး ဗုဒ္ဓဟူးနဲ့ သောကြာနေ့များတွင်တော့ အိမ်မှတဆင့် အလုပ်လုပ်၍ရနိုင်မှာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။