Apple announced to take lesser App Store Tax from smaller developers

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

28.11.2020 | အငယ်စား Developer များအတွက် Apple မှ App Store Tax ကို လျှော့ချပေးသွားမည်ဟု ကြေငြာချက်ကို ထုတ်ပြန်ခဲ့ 

Wired.com မှ သတင်းများအရ - Apple မှ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် သူတို့ကုမ္ပဏီရဲ့ App Store ပေါ်တွင် ဂိမ်းများနဲ့ app များကို ထုတ်လွှင့်ပေးနေသော third-party developer အများစုအတွက် ထုတ်ပြန်ချက်တစ်ခု ကို ကြေငြာပေးခဲ့ပြီး အဆိုပါကြေငြာချက်တွင် Apple ရဲ့ အမြတ်ငွေရာခိုင်နှုန်းကို ၃၀% မှ ၁၅% သို့ လျှော့ချ၍ ကောက်ခံသွားမှာဖြစ်တယ်လို့ ဆိုထားခဲ့ပါတယ်။ ဒီအရာကို App Store Small Business Program ဟုခေါ်တွင်ပြီး ဒီအရာကကုမ္ပဏီအပေါ်ပြည်သူလူထုရဲ့ထင်မြင်ချက်များနဲ့ antitrust စွပ်စွဲချက်များကို လျော့ကျစေပြီး အခြားတစ်ဖက်တွင်လည်း ကုမ္ပဏီရဲ့အကျိုးစီးပွားအပေါ်လည်း များစွာထိခိုက်မှုမရှိစေမည့် ဖြေရှင်းနည်းတစ်ရပ် ဖြစ်နေပါတယ်။ 

အဆိုပါအစီအစဉ်တွင်ပါဝင်လိုပါက ပါဝင်နိုင်ရန်အတွက်ရွေးချယ်နိုင်ပြီး သူတို့တင်ဆက်ထားတဲ့ app များအားလုံးရဲ့ စုစုပေါင်းအမြတ်ငွေပမာဏဟာ ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁သန်းထက်မကျော်သော developer များနဲ့ (App Store ပေါ်သို့ ရောက်ရှိလာမည့် မည်သည့် developer အသစ်များမှမဆို) အဆိုပါ program အတွက် လျှောက်ထားနိုင်ပြီး ကုမ္ပဏီမှ လက်ခံပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ အမြတ်ငွေတိုင်းတာမှုတွင် app များကိုဝယ်ယူခြင်းများသာမက in-app purchase (IAP) များနှင့် subscription များကိုလည်း ထည့်သွင်း၍တွက်ချက်သွားမှာဖြစ်ပါတယ်။ အဆိုပါနှစ်အတွင်း developer ရဲ့ အမြတ်ငွေဟာ ဒေါ်လာ ၁သန်းထက် ကျော်လွန်သွားခဲ့ပါက ထိုနှစ်အတွင်း ကျန်ရှိသောကာလများအတွက် ၃၀% app store tax ဟာ ပြန်လည်၍အသက်ဝင်လာမှာဖြစ်ပြီး အကယ်၍ developer ရဲ့ အမြတ်ငွေဟာ အဆိုပါသတ်မှတ်ချက်အောက်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပါက နောင်လာမည့်နှစ်တွင် ၁၅% rate ဟာ ပြန်လည်၍ အသက်ဝင်လာမှာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။