Announcement about The first ever ARM-based computer chip Apple is making – The M1

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

21.11.2020 | Apple မှ ဖန်တီးလျှက်ရှိသော ပထမဦးဆုံး ARM ကိုအခြေခံထားသည့် ကွန်ပြူတာ chip “M1” 

Apple မှ ဖန်တီးတည်ဆောက်လျှက်ရှိသော ပထမဦးဆုံး ARM ကိုအခြေခံထားသည့် ကွန်ပြူတာ chip M1 ကို Apple ရဲ့ “One More Thing” event တွင်ထုတ်ပြန်ကြေငြာပေးခဲ့ပါတယ်။ အဆိုပါ chip ဟာ Apple မှ သူတို့ရဲ့ “နောက်မျိုးဆက်သစ် Mac” များအတွက် တည်ဆောက်လျှက်ရှိသော နောက်ဆုံးထွက်ရှိလာမည့် chip တစ်ခုဖြစ်ကာ အောက်ပါအချက်များဟာတော့ အဆိုပါ event အတွင်း ကြေငြာပေးခဲ့သော အချက်များပဲဖြစ်ပါတယ်။ 

M1 chip ဟာ 5nm processor အပေါ်အခြေခံ၍ transistor ပေါင်း 16 ဘီလျံခန့်ဖြင့် တည်ဆောက်ထားသော ပထမဦးဆုံး ကွန်ပြူတာ chip တစ်ခုပဲဖြစ်ပါတယ်။ အဆိုပါ chip ကို Apple ရဲ့ lower-power system များတွင် အသေးငယ်ဆုံးသောအရွယ်အစားဖြင့် အမြင့်မားဆုံးသောစွမ်းဆောင်ရည် ရရှိနိုင်ရန်အတွက် အထူးပြုလုပ်ထားတာဖြစ်ပါတယ်။ CPU အတွင်းတွင် performance core ၄ ခုနှင့် efficiency core ၄ ခု တို့ပါဝင်ပြီး Apple ရဲ့အဆိုအရ အဆိုပါ chip ဟာ watt တစ်ခုစီအတွက် အမြင့်မားဆုံးသော CPU performance ကိုထုတ်ပေးနိုင်စွမ်းရှိပြီး efficiency core ၄ ခုတည်းဖြင့်ပင် ယခင်ထွက်ရှိထားခဲ့သော dual-core MacBook Air ၏ စွမ်းဆောင်ရည်နှင့် နှိုင်းယှဉ်၍ရနိုင်ပြီး power သုံးစွဲမှုနှုန်းအားလည်း ပိုမို၍နည်းပါးခဲ့တယ် ဟူ၍ သိရှိခဲ့ရပါတယ်။ 

GPU တွင် Core ၈ ခုပါဝင်ပြီး 2.6 teraflops အထိ process ပြုလုပ်နိုင်စွမ်းရှိပါတယ်။ GPU တွင် 16-core neural engine ပါဝင်ပြီး 11 trillion processes per second အထိ လုပ်ဆောင်နိုင်စွမ်းရှိနေပါတယ်။ “ယခင်မျိုးဆက် Mac” များနှင့် နှိုင်းယှဉ်လိုက်ပါက Apple ရဲ့အဆိုအရ M1 ဟာ CPU performance ၃.၅ ဆပိုမိုမြန်ဆန်ပြီး၊ GPU performance အရ ၆ ဆခန့် ပိုမိုမြန်ဆန်မှာဖြစ်ပြီး Machine learning တွင် ၁၅ ဆခန့် ပိုမိုမြန်ဆန်လာမှာဖြစ်ပါတယ်ဟူ၍ ဆိုထားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။