Android 11 has come out

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

21.9.2020 | Android 11 ဟာ ထွက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။

ဖေဖော်ဝါရီလအတွင်းကစ၍ ထွက်ရှိနေတဲ့ beta release ၇ ခုအပြီးတွင် Android 11 ဟာ final အနေနဲ့ ထွက်ရှိ လို့လာခဲ့ပြီပဲဖြစ်ပါတယ်။ ထုံးစံအတိုင်း Google ကတော့ အဆိုပါ update ကို Pixel phone များအတွက် ပထမဆုံးထုတ်လွှင့်သွားမှာဖြစ်ပြီး ဖြစ်နိုင်ခြေရှိတာကတော့ Pixel 2 နဲ့ အထက်ဖုန်းများအတွက် ဖြစ်လာနိုင်ပါတယ်။ ထို့အပြင်အဆိုပါ Android 11 ကို ထိုနေ့တွင် OnePlus, Xiaomi, Oppo နဲ့ Realme ဖုန်းအချို့တွင်လည်း ရရှိနိုင်မှာဖြစ်ပါတယ်။

XDA က ထုတ်ပြန်ခဲ့တဲ့ အတည်မပြုရသေးတဲ့ list မှာတော့ OnePlus 8, OnePlus 8 Pro, Xiaomi Mi 10, Xiaomi Mi 10 Pro, OPPO Find X2, OPPO Find X2 Pro, OPPO Ace2, OPPO Reno3 4G, OPPO Reno3 Pro 4G နဲ့ Realme X50 တို့တွင် အဆိုပါ Android 11 update ကို ရရှိနိုင်မှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

လုပ်ဆောင်ချက်များအနေနဲ့တော့ Android 11 ဟာ ကြီးမားတဲ့ update တစ်ခုမဟုတ်ပေမယ့် ပြောင်းလဲမှုအချို့ကတော့ ရှိနေပါတယ်။ Notification panel ဟာဆိုရင် conversations section အသစ်တစ်ခု ပါဝင်လာမှာဖြစ်ပြီး အဆိုပါ section ဟာ messaging app များရဲ့ notification များအတွက် အထူးပြုလုပ်ထားတဲ့ section တစ်ခုဖြစ်ပါတယ်။ ထို့အပြင် “Bubbles” API လို့ခေါ်တွင်တဲ့ messaging feature အသစ်တစ်ခုလည်းပါဝင်လာမှာဖြစ်ပြီး developer များအနေနဲ့ Facebook ရဲ့ Chat Heads လုပ်ဆောင်ချက်အဟောင်းနဲ့ဆင်တူတဲ့ floating chat app များကို တည်ဆောက်နိုင်စေမှာပဲဖြစ်ပါတယ်။ ထို့အပြင် media player notification များအတွက် နေရာတစ်ခုလည်း notification panel တွင် ပါဝင်လာမှာ ဖြစ်ပြီး media player များအကြား အလွယ်တကူ ကူးပြောင်းနိုင်တော့မှာဖြစ်ပါတယ်။

Power menu ကိုလည်း revamp ပြုလုပ်ပေးခဲ့ပြီး အဆိုပါ power menu တွင် Google Play ကတ်များနဲ့ Google Assistant smart home control များကိုပါပြသပေးတော့မှာဖြစ်ပါတယ်။ Screen recorder တစ်ခု လည်း built-in အနေနဲ့ပါဝင်လာမှာဖြစ်ပြီး apps များအတွက် one-time permission option အသစ်တစ်ခု လည်းပါဝင်လာမှာဖြစ်သလို သင့်ထံတွင် wireless Android Auto ကို support ပြုလုပ်နိုင်တဲ့ ကားတစ်စီးစီးရှိနေပါက အဆိုပါ feature ကိုလည်း အသုံးပြု၍ ရနိုင်တော့မှာဖြစ်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။