An iPhone manufacturer got suspended for not following Apple’s code of conduct for suppliers

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.1.2021 | iPhone ထုတ်လုပ်တဲ့စက်ရုံတစ်ခုဟာ Apple ရဲ့ စည်းမျဉ်းများကိုလိုက်နာမှုမရှိတဲ့အတွက် ယာယီရပ်နားခံခဲ့ရ

ယခုလအစောပိုင်းက အိန္ဒိယနိုင်ငံရှိ Wistron iPhone ထုတ်လုပ်ရေးစက်ရုံတစ်ခုတွင် ပြင်းထန်သောဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး အမေရိကန်ဒေါ်လာ ၇ သန်းခန့် ထိခိုက်မှုများကို ဖြစ်ပွားစေခဲ့ပါတယ်။ ဝန်ထမ်းများရဲ့ပြောဆိုချက်အရ သူတို့ကိုအလုပ်ခန့်အပ်စဉ်က ကတိပေးထားတဲ့အတိုင်း လစာငွေများကို မပေးခဲ့တဲ့အတွက် ဒီလိုဖျက်စီးမှုများကိုပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရှိခဲ့ရပြီး Apple မှ ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားရန်အတွက် ကတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်မှာတော့ Apple က စုံစမ်းစစ်ဆေးမှုများကိုပြုလုပ်အပြီးတွင် Wistron ဟာ “Supplier Code of Conduct” ကို ချိုးဖောက်ခဲ့တာကိုတွေ့ရှိခဲ့တယ်လို့ ကြေငြာခဲ့ပြီး အလုပ်တွဲလုပ်ဖို့ကို ဆိုင်းငံ့မှုများပြုလုပ်ခဲ့ပါတယ်။ Apple ရဲ့ ရှာဖွေတွေ့ရှိမှုများအရ Wistron ဟာ အလုပ်သမားများဖက်မှ ပြောကြားခဲ့တဲ့အတိုင်း အလုပ်ခန့်အပ်စဉ်က ကတိပေးထားတဲ့အတိုင်း လစာငွေများကိုပေးအပ်မှု မပြုလုပ်ခဲ့တာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီလိုအလုပ်သမားများထံက ခေါင်းပုံဖြတ်မှုပြုလုပ်ခဲ့သည့်လုပ်ရပ်ကို သိရှိသွားခဲ့ပြီးနောက် Wistron ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးမှ “သူတို့ဟာ ဒီလုပ်ရပ်အတွက်ကြီးစွာနောင်တရမိကြောင်းနဲ့ အလုပ်သမားများ အားလုံးကိုလည်း အနူးအညွှတ်တောင်းပန်ကြောင်းပြောကြားခဲ့ပြီး အိန္ဒိယနိုင်ငံရှိ သူတို့ရဲ့ vice president of business ကို ရာထူးမှဖယ်ရှားခဲ့သလို အမည်မသိပဲတိုင်ကြားနိုင်မယ့် Hotline တစ်ခုကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။” ဟူ၍ The Wall Street Journal သို့ ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။