An ad-blocking extension with over 300,000 active users turned malicious.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

11.11.2020 | အသုံးပြုသူပေါင်း ၃၀၀,၀၀၀ ကျော်ခန့်ရှိနေသည့် ad-blocking extension တစ်ခုဟာ malicious code များပါဝင်သော extension တစ်ခုဖြစ်လာခဲ့

အသုံးပြုသူပေါင်း ၃၀၀,၀၀၀ ကျော်ခန့်ရှိနေသော ad-blocking extension တစ်ခုရဲ့ ပိုင်ရှင်အသစ်ဟာ လွန်ခဲ့တဲ့ရက်သတ္တပတ် အနည်းငယ်ခန့်က malware တစ်မျိုးကို update အတွင်း ထည့်ပေးခဲ့တာကြောင့် ယခုအခါ user browsing data များကို upload ပေးပို့နေပြီးနောက် အသုံးပြုသူများရဲ့ socialmedia အကောင့်များကိုလည်း ပြောင်းလဲမှုများဖြစ်ပေါ်စေခဲ့တယ်လို့ သိရှိခဲ့ရပါတယ်။ 

ဒီသတင်းကို Github မှ ပထမဦးဆုံးသတင်းပေးပို့ခဲ့တာဖြစ်ပြီး အဆိုပါသတင်းတွင် Nano Adblocker နဲ့ Nano Defender extensions များကိုဖန်တီးခဲ့သူ - Hugo Xu က လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က သူ့ထံတွင် အဆိုပါ project ကို ဆက်လက်၍ထိန်းသိမ်းပြင်ဆင်မှုများပြုလုပ်ရန် အချိန်လုံလောက်ခြင်း မရှိတော့သည့်အတွက် Google ရဲ့ Chrome Web Store ပေါ်တွင်ရရှိနိုင်သော version များအတွက် လုပ်ပိုင်ခွင့်ကို အခြားသူတစ်ဦးထံသို့ ရောင်းချခဲ့တယ်လို့ ဆိုထားခဲ့ပါတယ်။ 

ထိုသတင်းထွက်ရှိပြီး ရက်အနည်းငယ်အကြာတွင်တော့ Nano Adblocker ကိုတည်ဆောက်ရာတွင် အခြေခံထားသော uBlock Origin extension ရဲ့ ဖန်တီးသူ Raymond Hill က Nano Adblocker ရဲ့ ပိုင်ရှင် developer အသစ်များဟာ malicious code များကို extension များထံသို့ ထည့်သွင်းဖို့အတွက် update အသစ်တစ်ခုကို ထုတ်လွှင့်ခဲ့ကြတယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ 

အဆိုပါ malicious code ကို update ပြုလုပ်ခဲ့မိပါက အဆိုပါ extension က အသုံးပြုသူများဟာ သူတို့ရဲ့ extension tool များကိုအသုံးပြုနေသလားဆိုတာကိုစစ်ဆေးကြည့်ရှုနိုင်မှာဖြစ်ပြီး၊ Instagram post များတွင်လည်း user များမှ like ပေးခြင်းမရှိပဲ များစွာသောအကောင့်များအား အလိုအလျှောက် like များပေးသွားမှာဖြစ်သလို အသုံးပြုသူများရဲ့အကောင့်များထံသို့လည်း ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။