American Heart Association (AHA) says Apple’s MagSafe Technology could potentially interfere with cardiac devices

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.6.2021 | အမေရိကန် နှလုံးအဖွဲ့အစည်း (AHA) ရဲ့ ပြောဆိုချက်အရ Apple ရဲ့ MagSafe နည်းပညာဟာ နှလုံးလမ်းကြောင်းဆိုင်ရာ အကူကိရိယာများအား အနှောင့်အယှက်ပေးနိုင် 

အမေရိကန် နှလုံးအဖွဲ့အစည်း (AHA) မှ Apple ရဲ့ MagSafe နည်းပညာဟာ နှလုံးလမ်းကြောင်းဆိုင်ရာ အကူကိရိယာများ ဖြစ်တဲ့ Peacemaker ကဲ့သို့သော device များနှင့် အလွန်နီးကပ်စွာထားရှိမိသောအခါများတွင် အဆိုပါ device များရဲ့ လုပ်ဆောင်ချက်များကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။ 

AHA မှ သုသေသနပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ အဓိက နှလုံးလမ်းကြောင်းဆိုင်ရာအကူကိရိယာထုတ်လုပ်သူကုမ္ပဏီ ၃ ခုဖြစ်တဲ့ Medtronic, Abbott နှင့် Boston Scientific တို့ရဲ့ အချို့သော device များဟာ “သံလိုက်စွမ်းအင်ကြောင့် အလွယ်တကူ ထိခိုက်ပျက်စီးစေနိုင်ကြောင်း” တွေ့ရှိခဲ့ရပါတယ်။ 

Apple Insider မှ ပထမဆုံးရေးသားခဲ့တဲ့ သတင်းတစ်ပုဒ်တွင်ဖော်ပြထားသည့် သုသေသနပညာရှင်များ၏ စာတမ်းတွင် “ကျွန်ုပ်တို့ရဲ့ လေ့လာချက်အရ iPhone 12 Pro Max အား ခန္ဓာကိုယ်အတွင်း မြှုပ်နှံတပ်ဆင်ထားသည့် နှလုံးလမ်းကြောင်းအကူကိရိယာအပေါ်ရှိ အရေပြားပေါ်သို့တင်လိုက်သည့်အခါတွင် Magnet reversion mode သို့ ဝင်ရောက်သွားစေနိုင်တဲ့အတွက် အသက်ကယ်ကုထုံးများကို ဟန့်တားနိုင်စွမ်းရှိနေပါတယ်။” ဟူ၍ ရေးသားထားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။