Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
အမေရိကန်သမ္မတဟောင်းတစ်ဦးဖြစ်သူ Donald Trump က Twitter, Facebook နှင့် Google ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်သော YouTube ကုမ္ပဏီများနှင့် ၎င်းတို့ရဲ့ CEO များဟာ သူ့ရဲ့ “လွတ်လပ်စွာပြောဆိုပိုင်ခွင့်” ကို ပိတ်ပင်လျှက်ရှိသည်ဟူ၍ ဇူလိုင်လ ၈ ရက်နေ့က အမေရိကန်တရားရုံးချုပ်သို့ တိုင်ကြားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲတစ်ခုတွင် Trump မှ အဆိုပါကုမ္ပဏီများရဲ့ လုပ်ရပ်များဟာ သူ့အတွက် ဒေါ်လာသန်းပေါင်း ရာနှင့်ချီ၍ ဆုံးရှုံးရမှုများကို ဖြစ်စေခဲ့ပြီး “အဆိုပါ လူမှုကွန်ယက်ကုမ္ပဏီများအနေနဲ့ ဥပဒေဘောင်ပြင်ပသို့ရောက်နေပြီး အရှက်မဲ့လှတဲ့လုပ်ရပ်များကို အမေရိကန်နိုင်ငံသားများအပေါ် ပြုလုပ်လျှက်ရှိနေသည်အား ချက်ချင်းတားဆီးပေးဖို့အတွက် တောင်းဆိုနေတာဖြစ်ပါတယ်။” ဟူ၍ ပြောဆိုသွားခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ၁၉၉၆ ခုနှစ် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပြဌာန်းချက်အက်ဥပဒေ အခန်း ၂၃၀ တွင် ပြဌာန်းထားချက်များအရတော့ Online Platform များကို အသုံးပြုသူများရဲ့ content များကို စည်းကမ်းကြပ်မတ်မှုများပြုလုပ်ရာတွင် ဥပဒေမှ ကင်းလွတ်၍ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပေးထားတဲ့အတွက် Trump ရဲ့ တရားစွဲဆိုမှုဟာ ပျက်ပြယ်သွားနိုင်ချေများလျှက်ရှိနေပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။