AMD Agrees to Buy Xilinx for $35 Billion

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.11.2020 | AMD မှ Xilinx ကို $35 ဘီလီယံဖြင့်ဝယ်ယူရန် သဘောတူညီချက်တစ်ရပ် ပြုလုပ်ခဲ့

New York Times သတင်းများအရ - AMD (Advanced Micro Devices) ဟာ Xilinx ရဲ့ $35 ဘီလီယံတန်ကြေးရှိ စတော့ရှယ်ယာများကို ဝယ်ယူဖို့ သဘောတူညီခဲ့တယ်လို့ သိရှိခဲ့ရပါတယ်။ ဒီ သဘောတူညီချက်ဟာ computer chip industry ရဲ့ဦးဆောင်သူကုမ္ပဏီတစ်ခုဖြစ်တဲ့ AMD ကို အသစ်ပြန်လည်ပုံဖော်ဖို့အတွက် ရည်ရွယ်ထားတာဖြစ်လာနိုင်ပါတယ်။ 

AMD ကို Intel ရဲ့ ကာလကြာ ပြိုင်ဘက်တစ်ဦးအနေနဲ့ ကွန်ပြူတာအများစုတွင်တပ်ဆင်ရသော microprocessor လောကတွင်လူသိများကြမှာဖြစ်ပါတယ်။ AMD က ဒီဝယ်ယူမှုကို အသုံးပြုပြီး သူတို့ရဲ့လုပ်ငန်းများကို 5G wireless communication နဲ့ automotive electronics ကဏ္ဍများတွင်ပါ တိုးချဲ့ဖို့ စီစဉ်လျှက်ရှိနေပြီး ဒီအရာက AMD ကို data စင်တာများအတွက် အစိတ်အပိုင်းများရောင်းချရာတွင်လည်း ပိုမိုကြီးမားတဲ့ ဈေးကွက်ဝေစုကို ရရှိနိုင်စေမှာပဲဖြစ်သလို ပိုမိုကြီးထွားလာလျှက်ရှိနေတဲ့ သူတို့ရဲ့ပြိုင်ဘက်ဖြစ်သူ Nvidia ကိုလည်း တန်ပြန်တိုက်စစ်ဆင်နိုင်စေမှာပဲဖြစ်ပါတယ်။ 

ဒီသဘောတူညီချက်ကို AMD ရဲ့ third-quarter financial result များနဲ့အတူတကွ ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့က ထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပြီး ဒါဟာ chip industry ရဲ့ သမိုင်းတစ်လျှောက်တွင်တော့ ဒုတိယအကြီးဆုံး စံချိန်တင်ဝယ်ယူမှုတစ်ခုလဲဖြစ်နေပြန်ပါတယ်။ ပထမနေရာကိုတော့ ယခင်အပတ်များက ဖော်ပြပြီးခဲ့တဲ့အတိုင်း Nvidia က ARM ကို အမေရိကန်ဒေါ်လာ သန်း ၄၀ နဲ့ဝယ်ယူခဲ့တဲ့အတွက် ဗိုလ်စွဲခဲ့တာပဲဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။