Amazon's Rivian Delivery Vans are rolling out nationwide

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

3.8.2022 | Amazon မှ Rivian ရဲ့ လျှပ်စစ် Delivery Van များကို အမေရိကန်နိုင်ငံအတွင်း စတင်ပြေးဆွဲသွားရန်စီစဉ်နေ

Rivian ရဲ့ R1T လျှပ်စစ် Truck ကားများကို အမေရိကန်နိုင်ငံအတွင်း ပိုမို၍ တွေ့မြင်လာရလျှက်ရှိနေပြီး ယခုအခါတွင် Amazon ကလည်း Rivian ထံမှ ၎င်းတို့ဝယ်ယူလျှက်ရှိနေတဲ့ လျှပ်စစ်စွမ်းအင်ဖြင့်မောင်းနှင်သော Delivery Van များကို အမေရိကန်နိုင်ငံအတွင်း စတင်ပြေးဆွဲသွားဖို့အတွက် အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ 

အဆိုပါလျှပ်စစ်ကားထုတ်လုပ်မှုကုမ္ပဏီထံမှ Van ကားအစီးရေ ၁၀၀,၀၀၀ ကိုဝယ်ယူရန် ၂၀၁၉ ခုနှစ်တွင် သဘောတူညီမှုတခုချုပ်ဆိုခဲ့ကြောင်း CEO Jeff Bezos မှ ကြေငြာမှုပြုလုပ်ခဲ့ပြီးနောက် အဆိုပါ Van ကားများဟာ ၂၀၂၄ ခုနှစ်တွင် လမ်းမများပေါ်သို့ရောက်ရှိလာမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

ယခုအခါတွင် Amazon က ၂၀၃၀ ခုနှစ်အမှီ Van ကားအစီးရေ ၁၀၀,၀၀၀ လမ်းမများပေါ်တွင် ပြေးဆွဲသွားနိုင်ရန် စီစဉ်လျှက်ရှိနေသော်လည်း Baltimore, Chicago, Dallas, Kansas City, Nashville, Phoenix, San Diego, Seattle နှင့် St. Louis မြို့များတွင်တော့ မကြာမှီအဆိုပါ Van ကားများကို တွေ့မြင်ရတော့မှာဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် နောက်ထပ်မြို့ပေါင်း ၁၀၀ ကျော်တွင်ပါ အဆိုပါ Van ကားများကို တိုးချဲ့ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။