Amazon, Target and Apple all close down their stores due to massive protests over George Floyd’s Tragedy

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

4.6.2020 | George Floyd ရဲ့သေဆုံးမှုအပေါ် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက် Amazon, Target နှင့် Apple တို့ဟာ သူတို့ရဲ့ လက်လီ အရောင်းဆိုင်များကို ပိတ်သိမ်းခဲ့ပါတယ်။ 

George Floyd ရဲ့ သေဆုံးမှုကြောင့် ဆန္ဒပြမှုများဖြစ်ပွားနေတဲ့အတွက် Amazon, Target နှင့် Apple တို့ဟာ ပြီးခဲ့တဲ့ အပတ်တုန်းက သူတို့ရဲ့ လုပ်ငန်းလုပ်ဆောင်ရေးစီမံချက်များကို ပြင်ဆင်မှုများပြုလုပ်ခဲ့တယ်” လို့ Bloomberg သတင်း ဌာနမှပြောကြားခဲ့ပါတယ်။ 

Amazon က သူတို့ဟာ မြို့ကြီးအချို့တွင် လမ်းကြောင်းများကို ပြန်လည်သတ်မှတ်မှုများ၊ ချိန်ညှိမှုများပြုလုပ်လျက်ရှိပြီး သူတို့ရဲ့ အလုပ်သမားများအနေနဲ့လုံခြုံမှုရှိစေရန်အတွက် လုပ်ဆောင်နေပါတယ်။ ချီကာဂိုနှင့် လော့စ်အိန်ဂျလိစ်မြို့များရှိ ယာဉ်မောင်းများကတော့ တနင်္ဂနွေနေ့က ပစ္စည်းများကိုဆက်မပို့ရန်နှင့် အိမ်မှာပဲနေရန် ညွှန်ကြားချက် message များ ကိုရရှိခဲ့ပါတယ်လို့ ၎င်းက Bloomberg သို့ပြောကြားခဲ့ပါတယ်။ 

Target က Minneapolis မြို့ဧရိယာအတွင်းရှိ သူတို့ရဲ့အရောင်းဆိုင် ၃၂ဆိုင်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ ဆိုင်အချို့ကို လဲ ယာယီပိတ်သိမ်းမှုများကိုပြုလုပ်သွားမယ်လို့သိရှိရပါတယ်။ Apple ကတော့ COVID-19 ကပ်ရောဂါကြောင့် အပတ် ပေါင်းများစွာ ပိတ်ထားရပြီး ပြန်ဖွင့်တာမကြာသေးတဲ့အရောင်းဆိုင်များအပြင်၊ သူတို့ရဲ့ စတိုးဆိုင်များစွာကို တနင်္ဂနွေနေ့က ပိတ်ထားခဲ့ပါတယ်။ 

Minneapolis မြို့ဟာ ထိုမြို့ရှိ ရဲအရာရှိတစ်ဦးမှ လည်ပင်းကိုဒူးနဲ့ မိနစ်အတော်ကြာကြာထောက်ခံထားရတဲ့အတွက် စိတ်မကောင်းစရာ သေဆုံးသွားတဲ့ George Floyd အတွက်ဆန္ဒပြမှုများ အများဆုံးဖြစ်နေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ၎င်း သေဆုံးမှုကိုဖြစ်ပွားစေခဲ့တဲ့ရဲအရာရှိကိုတော့ အလုပ်မှထုတ်ပယ်ထားကာ ယခုအခါတွင် တတိယဒီဂရီ လူသတ်မှုနှင့် လူသေ စေမှုအတွက် တရားစွဲဆိုမှုပြုထားတယ်လို့လဲ သိရှိရပါတယ်။ 
 

(Unicode)





သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။