Amazon’s started to deliver orders by drones in California and Texas

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

31.12.2022 | Amazon မှ California နှင့် Texas ပြည်နယ်များတွင် Drone များကိုအသုံးပြု၍ အမှာစာများကို Delivery စတင်ပြုလုပ်လျှက်ရှိနေ

Amazon က California နှင့် Texas ပြည်နယ်များတွင် customer များရဲ့အိမ်များသို့ မှာယူမှုပြုလုပ်အပြီးူ ၁ နာရီအတွင်း ပို့ဆောင်ပေးနိုင်ရန်ရည်ရွယ်၍ drone များကိုအသုံးပြုသွားမည်ဖြစ်ကြောင်း Ars Technica မှ သတင်းများအရ သိရှိရပါသည်။

Amazon က အဆိုပါ drone delivery service ကို Amazon Prime Air လို့ အမည်ပေးထားပြီး Lockeford, California နှင့် College Station, Texas ပြည်နယ်များတွင် Christmas အကြို စမ်းသပ်ပြေးဆွဲမှုအနေဖြင့် Package အနည်းငယ်ကို ၎င်းတို့ရဲ့ဝန်ဆောင်မှုကို သုံးစွဲသူများရဲ့ နေအိမ်ခြံဝင်းအတွင်းသို့ ပို့ဆောင်ပေးခဲ့ပါသေးတယ်။

Amazon Air ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Natalie Banke က “ကျွန်မတို့ရဲ့ရည်ရွယ်ချက်ကတော့ ဒီ drone တွေကို ကောင်းကင်သို့လွှင့်တင်မှုအား လုံခြုံစွာစတင်မိတ်ဆက်နိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီမြို့တွေမှာစတင်ဝန်ဆောင်မှုများပေးပြီးနောက် များစွာသော customer များထံသို့ ဝန်ဆောင်မှုများကို ပုံမှန်တိုးချဲ့သွားမှာဖြစ်ပါတယ်” ဟူ၍ KTXL Fox 40 သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။