Amazon’s CEO sold almost $5 billion worth of shares

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

16.5.2021 | Amazon ရဲ့ CEO မှ ကန်ဒေါ်လာ ၅ ဘီလျံခန့်တန်ကြေးရှိသော ရှယ်ယာများအား ရောင်းချခဲ့

Amazon ရဲ့ CEO ဖြစ်သူ Jeff Bezos ဟာ လာမည့် ၄ လတာကာလအတွင်း Amazon ရဲ့ CEO အဖြစ်မှ အနားယူနိုင်ရန် ပြင်ဆင်မှုတစ်ရပ်အနေနဲ့ ပြီးခဲ့တဲ့အပတ်အတွင်း ကန်ဒေါ်လာ ၅ ဘီလျံတန်ကြေးရှိသော Aamazon ၏ စတော့ရှယ်ယာများကိုရောင်းချခဲ့ပါတယ်။ 

မေလ ၃ ရက်နေ့မှ ၆ ရက်နေ့အတွင်း Bezos ဟာ ရှယ်ယာပေါင်း ၁.၅ သန်းကို ပျမ်းမျှဈေးနှုန်း တစ်ခုလျှင် ကန်ဒေါ်လာ ၃,၃၅၀ နှုန်းဖြင့်ရောင်းချခဲ့ပြီး စုစုပေါင်း ကန်ဒေါ်လာ ၄.၉ ဘီလျံခန့်ကို ရရှိခဲ့ပါတယ်။ Bezos ယခင်က ပြောကြားခဲ့ဖူးသည့်အတိုင်း သူဟာ ကန်ဒေါ်လာ ၁ ဘီလျံတန်ကြေးရှိတဲ့ စတော့ရှယ်ယာများကို နှစ်စဉ်ရောင်းချ၍ Blue Origin ဟု ခေါ်တွင်သည့် ကိုယ်ပိုင်အာကာသယာဉ်ကုမ္ပဏီတစ်ခုကို ငွေကြေးထောက်ပံ့မှုများပြုလုပ်လျှက်ရှိသလို ရာသီဥတုဆိုးရွားမှုပြဿနာများကို တိုက်ထုတ်ဖြေရှင်းရန် ရည်ရွယ်ဖွဲ့စည်းထားသည့် Bezos Earth Fund သို့လည်း ကန်ဒေါ်လာ ၁၀ ဘီလျံခန့် ထောက်ပံ့ပေးဖို့ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ 

Amazon ရဲ့ ပူးတွဲတည်ထောင်သူလည်းဖြစ်သူ Bezos ဟာ သူ့ရဲ့ဝန်ထမ်းများကို သူဟာ CEO အဖြစ်မှ ယခုနှစ်ရဲ့ လာမည့် တတိယ ၄လတာကာလတွင် နှုတ်ထွက်သွားမှာဖြစ်ကြောင်းကို ဖေဖော်ဝါရီလကတည်းက ပြောကြားထားခဲ့ပြီး Amazon Web Services ရဲ့ အကြီးအကဲဖြစ်သူ Andy Jassy မှ သူ့နေရာတွင် အစားထိုးတာဝန်ယူသွားဖို့ရှိနေပါတယ်။ Bezos ကတော့ Amazon ရဲ့ Executive Chairman အဖြစ် ဆက်လက်၍ တာဝန်ထမ်းဆောင်သွားမှာဖြစ်ပြီး “ထုတ်ကုန်အသစ်များနှင့် ကနဦးရင်းနှီးမြှုပ်နှံမှုများ” အပေါ် အာရုံစိုက်သွားမှာဖြစ်ကြောင်း သူက ပြောကြားခဲ့ပါတယ်။  
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။