Amazon’s CEO and Co-founder Jeff Bezos will be stepping down in third quarter of 2021

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

16.2.2021 | Amazon ရဲ့ CEO နဲ့ Co-founder တစ်ဦးဖြစ်သူ Jeff Bezos ဟာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် အနားယူတော့မည်ဖြစ်

Amazon မှ ထုတ်ပြန်ချက်တစ်ရပ်အရ CEO နဲ့ founder Jeff Bezos ဟာ သူ့ရဲ့ရာထူးမှ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် နှုတ်ထွက်သွားရန်ရှိကြောင်းနှင့် Amazon ဘုတ်အဖွဲ့ဝင် executive chair အဖြစ်သာ တာဝန်ပြောင်းလဲထမ်းဆောင်တော့မှာဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ CNBC မှ သတင်းများအရလည်း Amazon Web Services (AWS) ရဲ့ CEO ဖြစ်သူ Andy Jassy ဟာ Bezos ကိုယ်စား Amazon ရဲ့ CEO အဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။ 

Jeff Bezos ဟာ Amazon ကို ၁၉၉၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Online စာအုပ်စတိုင်းဆိုင်တစ်ခုအဖြစ်မှနေ၍ အစားအသောက်ပို့ဆောင်ရေး၊ နည်းပညာ၊ ရုပ်ရှင်နဲ့ တယ်လီဗေးရှင်း streaming အစီအစဉ်များအပါအဝင် များစွာသော အခန်းကဏ္ဍများအထိ တိုးချဲ့လာနိုင်ခဲ့ပြီး ကြီးမားသော Online လက်လီရောင်းချမှု ကုမ္ပဏီတစ်ခုအဖြစ်သို့ ရောက်ရှိစေခဲ့ပါတယ်။ Amazon ဟာ ၂၀၂၀ ခုနှစ်အတွင်းတွင် Bezos ရဲ့ ခေါင်းဆောင်မှုဖြင့် အမေရိကန်ဒေါ်လာ ၁ ထရီလီယံပမာဏအထိ ဈေးကွက်တန်ဖိုး မြင့်တက်လာခဲ့ပါတယ်။ 

Jassy ဟာ Amazon ကို 1997 ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး Amazon Web Service ကို ၂၀၀၆ ခုနှစ်က စတင်တည်ထောင်ခဲ့စဉ်ကတည်းက ပါဝင်ဆောင်ရွက်ပေးခဲ့ပြီး များစွာသော cloud computing နဲ့ API ဝန်ဆောင်မှုများဖြစ်တဲ့ Data storage, networking, developer tools အစရှိသည့်ဝန်ဆောင်မှုများကို အသုံးပြုသူများနဲ့ ကုမ္ပဏီများထံသို့ရောင်းချပေးနိုင်ခဲ့ပါတယ်။ AWS ဟာ အောက်တိုဘာလ ၂၀၂၀ ခုနှစ်တွင် Amazon ရဲ့ လည်ပတ်နေသောဝင်ငွေများရဲ့ ၅၂% အထိကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။  

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။