Amazon’s Alexa is coming to thousands of Jaguar and Land Rover vehicles

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

17.2.2022 | Amazon ရဲ့ Alexa ကို ထောင်ပေါင်းများစွာသော Jaguar နှင့် Land Rover ကားများတွင် မကြာမှီတွေ့မြင်ရတော့မည် 

Jaguar Land Rover ကုမ္ပဏီမှ နောက်ဆုံးထွက်ရှိထားသည့် ကားမော်ဒယ်အသစ်များအတွက် software update တစ်ခုကို ပြုလုပ်သွားတော့မည့်အကြောင်းကို ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ကြေငြာမှုပြုလုပ်ခဲ့ပါတယ်. 

အဆိုပါ update ကို ကုမ္ပဏီရဲ့ Pivi Pro 3.0 နှင့်နောက်ပိုင်း infotainment system တပ်ဆင်ထားသည့် Jaguar နှင့် Land Rover ကားပေါင်း ၂၀၀,၀၀၀ ကျော်အတွက် အင်တာနက်ပေါ်မှတဆင့် update ပြုလုပ်နိုင်ရန် လွှင့်တင်ပေးသွားမှာဖြစ်ပါတယ်။ 

Jaguar နှင့် Land Rover ကားများအတွင်းရှိ Alexa ကို smartphone များရဲ့အကူအညီမပါပဲ အသုံးပြုနိုင်မှာဖြစ်ပြီး ၎င်းဟာ ယာဉ်မောင်းနှင်နေသူများကို တေးသီချင်းများဖွင့်လှစ်ရန် အကူအညီပေးနိုင်ခြင်း၊ နေရာတစ်နေရာမှ နောက်ထပ်နေရာတစ်ခုသို့ သွားလာရာတွင် လမ်းညွှန်ပေးနိုင်ခြင်းနှင့် Alexa ရဲ့ စွမ်းဆောင်ရည်များအတိုင်း သတင်းနှင့် မိုးလေဝသအခြေအနေများကို ကြေငြာပေးခြင်း အစရှိတဲ့ လုပ်ဆောင်ချက်များကို ဆောင်ရွက်ပေးနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။