Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
The Wall Street Journal မှ သတင်းများအရ Amazon ဟာ America တွင် Department Store များကို ဖွင့်လှစ်နိုင်ရန် စီစဉ်လျှက်ရှိကြောင်း သိရှိရပါတယ်။
ပထမဆုံးအနေနဲ့ အိုဟိုင်းယိုးနှင့် ကယ်လီဖိုးနီးယားပြည်နယ်များတွင် ဖွင့်လှစ်သွားမည့် အဆိုပါစတိုးဆိုင်အသစ်များတွင် အဝတ်အထည်များ၊ အိမ်သုံးပစ္စည်းများ၊ Top consumer brand များမှ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများအပြင် Amazon ရဲ့ကိုယ်ပိုင်ထုတ်ကုန်ပစ္စည်းများကိုလည်း ရောင်းချသွားဖို့စီစဉ်လျှက်ရှိနေပါတယ်။
ဒါ့အပြင် Amazon ရဲ့ department store များတွင် သူတို့ရဲ့လျှပ်စစ်ပစ္စည်းထုတ်ကုန်များဖြစ်တဲ့ Fire TV များ၊ Tablet များ၊ Echo speaker များမှစ၍ အိမ်လုံခြုံရေးစနစ်ဖြစ်တဲ့ Ring နဲ့ Cloud gaming ဝန်ဆောင်မှုဖြစ်တဲ့ Luna တို့ကိုလည်း ရောင်းချပေးသွားနိုင်ခြေရှိနေပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။