Amazon plans AI-powered cameras in delivery vans to improve driver safety

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

6.2.2021 | Amazon မှ AI နည်းပညာဖြင့်တည်ဆောက်ထားသော ကင်မရာများကို Driver များ၏ လုံခြုံရေးကို မြှင့်တင်ပေးနိုင်ရန်အတွက် Delivery Van ကားများတွင် တပ်ဆင်သွားရန် စီစဉ်လျှက်ရှိ

Reuters သတင်းဌာန၏ ဖော်ပြချက်အရ AI နည်းပညာပါဝင်သော ဗွီဒီယိုကင်မရာများကို သူတို့၏ Delivery Van ကားများတွင် တပ်ဆင်ရန်စီစဉ်လျှက်ရှိကြောင်းသိရှိရပါတယ်။ ဤအချက်ဟာ သူတို့ထံတွင်အလုပ်လုပ်ကိုင်နေသော ယာဉ်မောင်းသူများနဲ့ Delivery များပြုလုပ်ရတဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းအတွက် ပိုမို၍ လုံခြုံမှုရှိလာစေရန်ရည်ရွယ်ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။ 

ဖေဖော်ဝါရီလ ၃ ရက်နေ့က ထုတ်ပြန်ချက်တွင် ရေးသားထားသည့်အဆိုအရ “အဆိုပါနည်းပညာဟာ Driver များကို အချိန်နဲ့တပြေးညီ သတိပေးမှုများပြုလုပ်သွားနိုင်မှာဖြစ်ပြီး လမ်းပေါ်တွင် မောင်းနှင်နေရစဉ်တွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် အကူအညီပေးနိုင်မှာဖြစ်ပါတယ်။” ဟူ၍ ရေးသားထားခဲ့ပါတယ်။ 

သယ်ယူပို့ဆောင်ရေးနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Netradyne မှ ဖန်တီးခဲ့သော အဆိုပါကင်မရာများဟာ AI နည်းပညာကိုအသုံးပြု၍ အရှိန်မြင့်မောင်းနှင်ခြင်း၊ ယာဉ်မောင်းနှင်နေစဉ် စိတ်အာရုံစူးစိုက်မှုမရှိခြင်း အစရှိသည်တို့ကို အလိုအလျှောက်သိရှိနိုင်မှာဖြစ်ပြီး သတိပေးမှုများကိုလုပ်ဆောင်သွားနိုင်ကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။