Amazon named a new CEO for worldwide stores business

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

2.7.2022 | Amazon မှ ကမ္ဘာလုံးဆိုင်ရာ စတိုးဆိုင်လုပ်ငန်းများရဲ့ CEO အသစ်ကို ထုတ်ဖော်ကြေငြာ 

Amazon မှ ၎င်းတို့ရဲ့ လက်လီအရောင်းဌာနရဲ့ CEO အလုပ်မှနှုတ်ထွက်ကြောင်း ကြေငြာမှုပြုလုပ်ခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် CEO အသစ်ရဲ့ အမည်ကို ထုတ်ဖော်၍ ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။ 

ကုမ္ပဏီနဲ့ ၁၇ နှစ်ကြာ လက်တွဲလုပ်ကိုင်ခဲ့သော Doug Herrington ဟာ ယခုအခါ Amazon ရဲ့ ကမ္ဘာတစ်လွှားရှိ စတိုးဆိုင်လုပ်ငန်းများရဲ့အကြီးအကဲဖြစ်လာမှာဖြစ်ကြောင်းကို Amazon ရဲ့ အကြီးအကဲဖြစ်သူ Andy Jassy မှ e-mail တစ်စောင်တွင် ရေးသားခဲ့ပြီး ထိုအကြောင်းကို ကုမ္ပဏီရဲ့ website ပေါ်မှတဆင့် ကြေငြာပေးခဲ့ပါတယ်။ 

Jassy ရဲ့ e-mail အရ Herrington ဟာ Amazon ရဲ့ စားသုံးသူဝန်ဆောင်မှုပိုင်းဆိုင်ရာလုပ်ငန်းများတွင် အတွေ့အကြုံများစွာရှိပြီးသူတစ်ဦးဖြစ်ပြီး သူဟာ “၂၀၀၅ ခုနှစ်တွင် ကုမ္ပဏီသို့ စတင်ဝင်ရောက်ခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်တွင် AmazonFresh ကို တည်ဆောက်ရာတွင်လည်း ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာတော့ Amazon မြောက်အမေရိကတိုက်ရဲ့ စားသုံးသူဝန်ဆောင်မှုပိုင်းဆိုင်ရာလုပ်ငန်းများကို ဦးဆောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်” ဟူ၍ ရေးသားထားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။