Amazon is replacing Prime Now with it’s main website and app

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

27.5.2021 | Amazon မှ သူတို့ရဲ့ ပင်ရင်း website နှင့် app ကို Prime Now အစား အစားထိုးရန် ပြင်ဆင်လျှက်ရှိ

Amazon ဟာ Prime Now ဆိုတဲ့ delivery များအတွက် သီးသန့်ဖွင့်လှစ်ထားတဲ့ သူတို့ရဲ့ app နဲ့ website ကို ပိတ်သိမ်းရန်စီစဉ်လျှက်ရှိပြီး အဆိုပါ delivery များကို ယခုအခါ Amazon ရဲ့ ပင်ရင်း website နှင့် app ပေါ်မှတဆင့် မှာယူနိုင်ရန် စီစဉ်လျှက်ရှိနေပြီး ယခုနှစ်ကုန်ပိုင်းခန့်တွင် အဆိုပါပြောင်းလဲမှုကို ကမ္ဘာတစ်ဝှမ်းရှိ နေရာအသီးသီးတွင် ရရှိနိုင်ရန် ပြင်ဆင်လျှက်ရှိနေကြောင်း Amazon မှ ကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ 

ထိုအချိန်မတိုင်မှီတွင်တော့ Amazon ဟာ ယခင်က Amazon Prime တွင် ပြသထားခဲ့တဲ့ သူတို့ရဲ့ third-party လုပ်ငန်းလက်တွဲဖော်များနဲ့ ဒေသခံစတိုးဆိုင်များကို သူတို့ရဲ့ အဓိက app နှင့် website ပေါ်သို့ ပြောင်းရွှေ့လျှက်ရှိနေပါတယ်။ ဒါဟာ Amazon.com နှင့် တွဲဖက် mobile app ကို အရာအားလုံးရရှိနိုင်တဲ့ platform တစ်ခုဖြစ်လာစေရန် တိုးချဲ့မှုများပြုလုပ်ခြင်းလုပ်ဆောင်မှုများရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ 

Amazon ဟာ Prime member ဝင်ထားသူများမှ ဝယ်ယူလိုက်တဲ့ အိမ်သုံးပစ္စည်းများ၊ လူသုံးကုန်များ၊ စာအုပ်များနဲ့ ကစားစရာများအထိ အစရှိတဲ့ပစ္စည်းအမျိုးမျိုးကို ပိုမိုမြန်ဆန်တဲ့ delivery ဝန်ဆောင်မှုဖြင့် ၁ နာရီမှ ၂ နာရီအတွင်း ပေးပို့နိုင်စေရန်ရည်ရွယ်၍ Prime Now ကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အစပိုင်းတွင်တော့ ဒီဝန်ဆောင်မှုကို Manhattan နှင့် New York မြို့များအနီးတွင်သာ ရရှိနိုင်ခဲ့သော်လည်း ထိုအချိန်မှစတင်၍ တိုးချဲ့လာခဲ့သည်မှာ ယခုအခါတွင် မြို့ပေါင်း ၅,၀၀၀ ကျော်တွင် ၂ နာရီအတွင်း delivery များကို အခမဲ့ပေးပို့လာနိုင်ပြီဖြစ်ကြောင်း CNBC သတင်းတစ်ပုဒ်တွင် ဖော်ပြထားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။