Amazon is implementing robots and hopes to reduce worker injuries

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

19.6.2021 | Amazon မှ စက်ရုပ်များကိုထည့်သွင်း၍ လုပ်သားများအားဒါဏ်ရာရစေမှုများကို လျှော့ချနိုင်ရန် မျှော်လင့်လျှက်ရှိ

Endgadget.com ရဲ့ သတင်းတစ်ပုဒ်အရ - Amazon ဟာ စက်ရုပ်အမျိုးအစားအချို့နှင့် အခြားနည်းပညာများကို သူတို့ရဲ့ ဂိုထောင်များတွင်ထည့်သွင်းအသုံးပြု၍ လုပ်သားများ၏ အလုပ်ဝန်ပိခြင်းနှင့် ထိခိုက်ဒါဏ်ရာရမှုများကို လျှော့ချနိုင်ရန်စီမံလျှက်ရှိနေကြောင်း သိရှိရပါတယ်။ 

အဆိုပါစီမံကိန်းများနှင့် အခြားသောလုပ်ဆောင်ချက်များဟာ ဂိုထောင်အတွင်းဖြစ်ပွားခဲ့တဲ့ “မှတ်တမ်းရယူနိုင်သော မတော်တဆမှုများ” ကို ၂၀၂၅ ခုနှစ်တွင် ထက်ဝက်လျှော့ချနိုင်ဖို့ကိုလည်း Amazon မှ မျှော်လင့်လျှက်ရှိနေပါတယ်။ အဆိုပါလုပ်ဆောင်ချက်များဟာ ထိခိုက်ဒါဏ်ရာရမှုများကို လျှော့ချပေးနိုင်မှာဖြစ်သော်လည်း အခြားတစ်ဖက်မှာတော့ Amazon ဟာ အဓိပ္ပါယ်ရှိတဲ့ ပေါ်လစီစည်းမျဉ်းပြောင်းလဲမှုများကို ပြုလုပ်ရမည့်အစား နည်းပညာများကိုအစားထိုး၍ လုပ်ငန်းလုပ်ကိုင်ရသည့် အခြေအနေများတိုးတက်မှုရှိလာစေရန် ပြုလုပ်လျှက်ရှိကြောင်း ပြောဆိုထားတဲ့အဆိုကို ပိုမို၍ခိုင်မာသွားစေခဲ့ပါတယ်။ 

New York ပြည်နယ်တွင်လည်း Amazon အား COVID-19 လုံခြုံရေးကိုလျစ်လျှူရှုခဲ့သည့်အပြင်၊ စိုးရိမ်ပူပန်ရသည့် အခြေအနေများကို တင်ပြခဲ့သည့်ဝန်ထမ်းများကိုလည်း တုန့်ပြန်အရေးယူမှုများပြုလုပ်ခဲ့တဲ့အတွက် စွဲဆိုမှုတစ်ရပ်နှင့် ရင်ဆိုင်နေရပါသေးတယ်။ Amazon ရဲ့ CEO ဖြစ်သူ Jeff Bezos ဟာလည်း ထိခိုက်ဒါဏ်ရာဖြစ်ပွားမှုများကိုဖြစ်လာစေနိုင်တဲ့ အလုပ်ခွင်အတွင်း အနားယူနိုင်မည့် အချိန်များအပေါ်ကန့်သတ်ခြင်းကဲ့သို့သော ပေါ်လစီစည်းမျဉ်းများကို ခုခံကာကွယ်ခဲ့ကြောင်း သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။