Amazon has redesigned their Alexa app

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

7.8.2020 | Amazon မှ သူတို့၏ Alexa app ကိုပြန်လည်ဒီဇိုင်းရေးဆွဲခဲ့

လွန်ခဲ့သောအပတ်က Amazon ရဲ့ Alexa app ဟာ အသစ်ပြန်လည်မွမ်းမံခြင်းခံခဲ့ရပါတယ်။ ထိုသို့ပြုလုပ်ရာ တွင် Home screen အသစ်နှင့် ပိုမိုကောင်းမွန်စွာ navigate ပြုနိုင်သည့် Alexa ရဲ့ skill များနှင့် ပိုမိုပြီး သီးသန့် ဆန်တဲ့အတွေ့အကြုံများကို သိသာထင်ရှားစေမှာဖြစ်ပါတယ်။ 

Main screen တွင် သင့်ရဲ့ Alexa ကိုအသုံးပြုသည့်အပေါ်မူတည်ပြီး သီးသန့်ပြင်ဆင်ထားသည့် အကြုံပြုချက် များရှိနေမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် သင်ဟာ Alexa ကို သီချင်းနားထောင်ဖို့အတွက်အများအပြား အသုံးပြု ခြင်း (သို့) သင့်ရဲ့စမတ်ဖုန်းကိုထိန်းချုပ်ရန်အတွက် အသုံးပြုခြင်းတို့ကိုပြုလုပ်ပါက ထိုအမိန့်ပေးချက်များကို ဖန် သားပြင်ပေါ်တွင် feature ပြုလုပ်ပြီး ပြသထားမှာဖြစ်ပါတယ်။ Amazon ၏ အဆိုအရ၊ customer များအနေနဲ့ လက်ရှိအသုံးပြုနေတဲ့လုပ်ဆောင်ချက်(feature) များအတွက် control များကိုလည်းတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ပထမဆုံးအသုံးပြုသူများအနေနဲ့ Alexa ကိုအသုံးပြုဖို့ ဘာတွေကိုစတင်လုပ်ဆောင်ရမလဲဆိုတာနဲ့ အခြားသော Amazon ဝန်ဆောင်မှုများြဖစ်တဲ့ Amazon Music ကဲ့သို့သော အခြားဝန်ဆောင်မှုများကို ဘယ်လိုအသုံးပြုရ မလဲဆိုတာကိုလည်း ပြသပေးထားမှာဖြစ်ပါတယ်။ 

Alexa ကိုခေါ်ယူနိုင်မည့်ခလုတ်ဟာ ယခုအခါ အောက်တွင်အစား အပေါ်သို့ ပြောင်းရွှေ့သွားမှာဖြစ်ပြီး ရှာဖွေရပိုမို လွယ်ကူသွားမှာဖြစ်တယ်ဟူ၍ Amazon မှ ပြောဆိုခဲ့ပါတယ်။ ထို့အပြင် “Alexa” ဟု အသံ ဖြင့်ခေါ်ယူကာလည်း activate ပြုလုပ်နိုင်မှာဖြစ်သလို more button ကိုလည်း အဆင့်မြှင့်တင်ပေးခဲ့ပါတယ်။ 

Amazon ဟာ အဆိုပါလုပ်ဆောင်ချက်များကို ယခုလအတွင်း စတင်မိတ်ဆက်ပေးသွားမှာဖြစ်ပြီး ကျွန်တော်တို့ အမြင်အရ ဩဂုတ်လကုန်ခန့်တွင် လူတိုင်းဟာ အဆိုပါ feature ကိုရရှိနေလောက်ပြီဖြစ်ပါတယ်။ Update ဟာ Android, iOS နှင့် Fire OS တို့အတွက် ထွက်ရှိသွားမှာဖြစ်ပါတယ်။ 
 

(Unicode)





သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။