Amazon has finished building its $1.5 billion air hub

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

18.8.2021 | Amazon ရဲ့ ပုဂ္ဂလိကပိုင် ကန်ဒေါ်လာ ၁.၅ ဘီလျံတန် လေယာဉ်ကွင်းတည်ဆောက်မှုပြီးစီးခဲ့ 

Amazon ရဲ့ ပုဂ္ဂလိကပိုင် ကန်ဒေါ်လာ ၁.၅ ဘီလျံတန် လေယာဉ်ကွင်းကိုတည်ဆောက်မှုပြီးစီးသွားခဲ့ပြီပဲဖြစ်ပါတယ်။ ၎င်းလေယာဉ်ကွင်းကို Cincinnati မြို့ရှိ မြောက်ပိုင်း Kentucky အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တည်ဆောက်ခဲ့တာဖြစ်ပြီး လုပ်ငန်းများကိုစတင်ဆောင်ရွက်လျှက်ရှိနေပြီပဲဖြစ်ပါတယ်။ 

အဆိုပါ စတုရန်းပေ ၈၀၀, ၀၀၀ ရှိတဲ့ အဆောက်အအုံကို ၂၀၁၉ ခုနှစ်တွင် Amazon မှ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ယခုအခါတွင် စက်ရုပ်များ၊ မိုင်များစွာရှည်လျားသော ပစ္စည်းသယ်ပတ်လမ်းများနှင့် အခြားသောစက်ပစ္စည်းများစွာကိုလည်းထည့်သွင်းတည်ဆောက်ထားပြီးဖြစ်ကာ အချက်အချာကျတဲ့နေရာတွင် တင်ပို့လာသောပစ္စည်းများကို process ပြုလုပ်နိုင်ပြီး လေယာဉ်ပျံများဖြင့် နေရာအနှံနှံသို့ ဖြန့်ဖြူးပေးနိုင်မည့် ထိုကဲ့သို့သောအဆောက်အအုံကိုပိုင်ဆိုင်ထားခြင်းအားဖြင့် အဓိကရရှိနိုင်တဲ့ အားသာချက်ကတော့ ကုန်ပစ္စည်းများကို ပို့ဆောင်ရာတွင် ပိုမိုမြန်ဆန်လာမှာဖြစ်ပါတယ်။ 

Amazon ဟာ ၂၀၁၆ ခုနှစ်မှစတင်၍ လေကြောင်းဖြင့်ကုန်ပစ္စည်းများပို့ဆောင်နိုင်ရန် ချဲ့ထွင်မှုများပြုလုပ်ခဲ့တာဖြစ်ပြီး ယခုနှစ်အစောပိုင်းတွင် Amazon မှ ကိုယ်ပိုင်လေယာဉ် ၁၁ စီးကို ဝယ်ယူခဲ့ပါတယ်။ ဧပြီလ ၂၀၂၁ ခုနှစ်တွင်တော့ Amazon တွင် ကိုယ်ပိုင်လေယာဉ်ပေါင်း ၇၀ ခန့် ရှိနေခဲ့ပြီဖြစ်ပြီး သယ်ယူပို့ဆောင်ရေးကွန်ယက်တစ်ခုအနေနဲ့ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရေးကိုပြုလုပ်လျှက်ရှိနေပြီဖြစ်ကြောင်း ကုမ္ပဏီမှ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။