Amazon got accused of illegally raising prices and maintaining monopoly power

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

2.6.2021 | Amazon အား တရားမဝင်ဈေးနှုန်းမြင့်တက်လာအောင်ပြုလုပ်မှုနှင့် ဈေးကွက်မိုနိုပိုလီလုပ်မှုတို့ဖြင့် တရားစွဲဆိုထားခြင်းခံရ 

Washington, DC ရှိ ရှေ့နေချုပ်တစ်ဦးဖြစ်သူ Karl Racine မှ Amazon အား ဈေးကွက်မိုနိုပိုလီလုပ်မှုဖြင့် တရားစွဲဆိုမှုတစ်ခုကိုပြုလုပ်ခဲ့ပြီး ကုမ္ပဏီဟာ ကုန်ဈေးနှုန်းများမြင့်တက်လာအောင်ပြုလုပ်ခြင်းနှင့် တရားမဝင်သောနည်းလမ်းများဖြင့် ဈေးကွက်မိုနိုပိုလီပြုလုပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း စွပ်စွဲထားခဲ့ပါတယ်။ 

“ယနေ့ ကျွန်တော့်ရဲ့ရုံးခန်းမှ Amazon အား ဈေးကွက်မိုနိုပိုလီပြုလုပ်၍ Online လက်လီရောင်းချမှုဈေးကွက်ရှိ ဈေးနှုန်းများကို ထိန်းချုပ်နေမှုများဖြင့် Washington, DC ရဲ့ ဥပဒေများကို ချိုးဖောက်လျှက်ရှိနေတဲ့အတွက် တရားစွဲဆိုမှုပြုလုပ်သွားမှာဖြစ်ပါတယ်။” ဟူ၍ Racine မှ သူ့ရဲ့ Twitter ပေါ်တွင် ရေးသားထားခဲ့ပါတယ်။ 

Amazon ရဲ့ Marketplace ပေါ်တွင် operate ပြုလုပ်၍ ရောင်းချလျှက်ရှိသော Third-party ရောင်းချသူများဟာ ကုမ္ပဏီရဲ့ Business solutions သဘောတူညီချက်ကို လိုက်နာရန်လိုအပ်မှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တွင် ဈေးကွက်မိုနိုပိုလီပြုလုပ်ခြင်းအတွက် ကြီးကြပ်စစ်ဆေးသူများက အဆိုပါပြဿနာကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီးနောက် Amazon ဟာ ရောင်းချသူများမှ သူတို့ရဲ့ထုတ်ကုန်များအား အခြားပြိုင်ဘက်ဈေးကွက်များတွင် ပိုမိုနည်းပါးသောဈေးနှုန်းဖြင့်ရောင်းချခြင်းအား တားမြစ်သည့် တားမြစ်ချက်ကို ဖယ်ရှားပေးခဲ့ရပါတယ်။ 

သို့သော်လည်း ယခုတစ်ခါ တရားစွဲဆိုချက်အရ Amazon ဟာ သူတို့ရဲ့ သဘောတူညီချက်ပေါ်သို့ အထက်ဖော်ပြပါတားမြစ်ချက်နီးပါး တူညီမှုရှိတဲ့ အချက်တစ်ခုကို ထပ်မံထည့်သွင်းခဲ့ပြီး အဆိုပါ Fair Pricing Policy အောက်တွင် Amazon အနေနဲ့ အခြားသောနေရာများတွင် ပိုမိုနည်းပါးသည့်နှုန်းထားဖြင့် ရောင်းချနေသူများအား ပိတ်ဆို့တားမြစ်မှုများပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။