Amazon Games studio head Mike Frazzini is stepping down

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

7.4.2022 | Amazon Games studio head ဖြစ်သူ Mike Frazzini ရာထူးမှထွက်ခွာ 

Bloomberg မှ သတင်းများအရ - Amazon Games Studio ရဲ့ အကြီးအကဲဖြစ်သူ Mike Farazzini ဟာ ၎င်းရဲ့ မိသားစုကို ပိုမိုဂရုစိုက်နိုင်ရန်အတွက် ၎င်းရဲ့ ရာထူးမှနှုတ်ထွက်သွားခဲ့တယ်လို့ သိရှိရပါတယ်။ Frazzini ဟာ Amazon ရဲ့ game ဌာနခွဲကို 2009 ခုနှစ်က စတင်ရောက်ရှိခဲ့တာဖြစ်ပြီး ကုမ္ပဏီရဲ့ game studio ကို တည်ဆောက်ရာတွင် တစ်စိတ်တပိုင်းပါဝင်ဆောင်ရွက်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။ 

“Mike ဟာ Amazon Games စတင်တည်ထောင်စဉ်ကတည်းက ကျွန်ုပ်တို့နဲ့အတူရှိနေခဲ့တာဖြစ်ပြီး သူ့ရဲ့ ဦးဆောင်တတ်မှုနှင့် အရှုံးမပေးတတ်မှုများဟာ ဂိမ်းလုပ်ငန်းကို အခြေခိုင်အောင်တည်ဆောက်နိုင်ရာတွင် အထောက်အကူဖြစ်စေခဲ့ပါတယ်” ဟူ၍ Amazon ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Ryan Jones က သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်းတွင် Bloomberg သို့ ပြောကြားခဲ့ပါတယ်။ 

“လက်တလောတွင် ကျွန်ုပ်တို့ အောင်မြင်မှုရရှိထားတဲ့ New World နှင့် Lost Ark ဂိမ်းများဟာ သူကူညီပြုလုပ်ခဲ့တဲ့ ဂိမ်းများအတွက်ထားရှိသော ရေရှည် - customer များအပေါ် အလေးထားသော အမြင်များရဲ့ ရလာဒ်တွေပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ သူ့ရဲ့ကြိုးပမ်းအားထုတ်ပေးမှုများအတွက် အလွန်ပင်ကျေးဇူးတင်မိပြီး Mike ကိုလည်း အကောင်းဆုံးအရာများနဲ့တွေ့ကြုံရပါစေလို့ ဆုမွန်ကောင်းတောင်းပေးချင်ပါတယ်” ဟူ၍လည်း Ryan က ပြောကြားခဲ့တယ်လို့ သိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။