Amazon bans TikTok on employee phones, then calls it a mistake

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

15.7.2020 | Amazon ဟာ ဝန်ထမ်းများကို TikTok အသုံးမပြုရန်တားမြစ်ခဲ့ပြီးနောက်၊ ဒီအရာက မှားယွင်းမှုတစ်ရပ်ဖြစ် တယ်ဟုဆို 

Amazon က သူတို့ရဲ့ဝန်ထမ်းများကို သတင်းအချက်အလက်များကျိုးပေါက်နိုင်သည့်အတွက် ဟုဆိုကာ သူတို့ရဲ့ဖုန်းများမှ TikTok application ကိုဖျက်သိမ်းဖို့ ပြီးခဲ့တဲ့သောကြာနေ့ကညွှန်ကြားခဲ့ပါတယ်။

Amazon ရဲ့ e-mail တွင် ကုမ္ပဏီဟာ ဘယ်လိုအချက်အလက်လုံခြုံရေးကျိုးပေါက်မှုများကို စိတ်ပူနေပြီး TikTok ဟာ အဆိုပါလုံခြုံရေးကျိုးပေါက်မှုပြဿနာများရှိစေခဲ့ဖူးသလားဆိုတာကို ဝန်ထမ်းများအား ရှင်းလင်းစွာဖော်ပြထားခြင်းတော့မရှိပါဘူး။ ပြီးခဲ့တဲ့လအတွင်းကတော့ ကျွန်ုပ်တို့က TikTok app ဟာ iOS device တွေပေါ်တွင်ရှိသော clipboard ကိုဖတ်ရှုနိုင်စွမ်းရှိနေတာကိုသုသေသနပြုချက်များအရ တွေ့ရှိခဲ့ပါ တယ်။ TikTok ကတော့ သူတို့ဟာ အသုံးပြုသူများရဲ့ clipboard တွေကို ဝင်ရောက်မှုပြုခြင်းကိုရပ်ဆိုင်းပါ့ မယ်ဟု ပြောဆိုခဲ့ပါတယ်။

Amazon ဟာ ယခုအခါတွင်တော့ TikTok ကိုတားမြစ်ကြောင်း e-mail ပေးပို့ခြင်းဟာ မှားယွင်းမှုတစ် ရပ်သာဖြစ်တယ်လို့ The Verge ရဲ့အဆိုအရ သိရှိရပါတယ်။ဒီမနက်က ကျနော်တို့ရဲ့ဝန်ထမ်းအချို့ထံ သို့ အဆိုပါ e-mail ကိုပေးပို့မိခြင်းဟာ မှားယွင်းမှုတစ်ရပ်ကြောင့်ဖြစ်ပါတယ်။ဟု Amazon ရဲ့ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးကပြောကြားခဲ့တယ်လို့ The Verge သတင်းစာရဲ့ဆောင်းပါးတစ်ပုဒ်တွင်ရေးသား ထားချက်များအရ သိရှိရပါတယ်။

TikTok ဟာ ByteDance ဟုခေါ်ဆိုတဲ့ တရုတ်ကုမ္ပဏီမှပိုင်ဆိုင်ထားသော social video-sharing service တစ်ခု ဖြစ်ပြီး Trump အစိုးရက TikTok နဲ့ အခြားသော တရုတ်လူမှုကွန်ယက်မီဒီယာ app များကိုတားမြစ်ဖို့ စဉ်းစား လျှက်ရှိသည်ကို အစောပိုင်းသတင်းများတွင်ဖော်ပြပေးခဲ့ပြီးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ အခြား သော တရုတ်နည်းပညာကုမ္ပဏီများဖြစ်တဲ့ Huawei ကဲ့သို့သောကုမ္ပဏီများကို တရုတ်အစိုးရက ဖိအားပေးကာ သူလျှို လုပ်ခိုင်းနိုင်သည်ဟူသည့်အကြောင်းပြချက်ကြောင့် တားမြစ်လိုနေတာဖြစ်ပြီး ကွန်ဂရက်လွှတ်တော်ဟာ လည်း TiKTok နဲ့ပတ်သက်ပြီး ပြည်ထောင်စုလုံခြုံရေးဆိုင်ရာအရ စိတ်ပူရတဲ့အချက် များကို ထုတ်ဖော်ပြောကြားခဲ့ပါ တယ်။

TikTok ဟာ အိန္ဒိယနိုင်ငံတွင်လည်း အသုံးမပြုရန်တားမြစ်ခြင်းခံခဲ့ရပြီးဖြစ်ကာ သူတို့ဟာ တရုတ်နိုင်ငံမှချမှတ် လိုက်တဲ့ လုံခြုံရေးဆိုင်ရာဥပဒေအသစ်ကြောင့် ဟောင်ကောင်တွင်လည်း operation များရပ်တန့်သွားခဲ့ပြီဖြစ်ပါ တယ်။

 

(Unicode)






သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။