Amazon announced to acquire Metro-Goldwyn-Mayer Film Producing Company

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

4.6.2021 | Metro-Goldwyn-Mayer ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီအား Amazon မှ ဝယ်ယူမည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန် 

Amazon ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ MGM (Metro-Goldwyn-Mayer) အား ကန်ဒေါ်လာ ၈.၄၅ ဘီလျံဖြင့် ဝယ်ယူသွားမှာဖြစ်ကြောင်းကို ယခုနှစ် မေလ ၂၆ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်လိုက်ပြီပဲဖြစ်ပါတယ်။ Amazon ရဲ့ ပြောဆိုချက်အရ “MGM ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းဟာ TV show များနှင့် အစီအစဉ်များကို ထုတ်လုပ်ရန် အဓိကရည်ရွယ်ဖွဲ့စည်းထားတဲ့ Amazon Studios ရဲ့ လုပ်ဆောင်ချက်များကို ကောင်းစွာအထောက်အကူဖြစ်စေနိုင်ပါတယ်။”

MGM ကို ဝယ်ယူလိုက်ခြင်းက သူတို့ရဲ့ Prime Video streaming ဝန်ဆောင်မှုသို့ များစွာသော ရုပ်ရှင်များကို ထည့်သွင်းလာစေနိုင်မှာဖြစ်ပြီး Amazon ဟာ “MGM ရဲ့ heritage နှင့် catalog ရုပ်ရှင်များကို ထိန်းသိမ်းနိုင်ဖို့ရာတွင် ကူညီသွားမှာဖြစ်ပြီး သုံးစွဲသူများအနေနဲ့လည်း လက်ရှိထွက်ရှိပြီးသား ရုပ်ရှင်များကို ပိုမိုလွယ်ကူစွာ ရယူနိုင်စေရန်အတွက် ပြုလုပ်ပေးသွားမှာဖြစ်ကြောင်း” ပြောကြားခဲ့ပါသေးတယ်။ 

ဒီ ဝယ်ယူမှုဟာ Whole Foods ကို ၂၀၁၇ ခုနှစ်က ကန်ဒေါ်လာ ၁၃.၇ ဘီလျံဖြင့် ဝယ်ယူခဲ့မှုအပြီးတွင် Amazon ရဲ့ ဒုတိယအကြီးမားဆုံး ဝယ်ယူမှုတစ်ခုဖြစ်လာနိုင်ပါတယ်။ ယခုအခါစောင့်ဆိုင်းနေရဆဲဖြစ်တဲ့ အဆိုပါဝယ်ယူမှုဟာ “ကန်ဒေါ်လာ ၆.၅ ဘီလျံနှင့် ညီမျှသောတန်ကြေးရှိနေပြီး Amazon ရဲ့ ပြောကြားချက်အရ MGM တွင် လက်ရှိတင်ရှိနေတဲ့ ကြွေးမှီများကိုပါ ထည့်ပေါင်းကြည့်လိုက်ပါက စုစုပေါင်း ကန်ဒေါ်လာ ၈.၄၅ ဘီလျံခန့်ရှိမှာဖြစ်ပါတယ်။”
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။