Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Amazon နှင့် အခြားသော Online သီးသန့် လက်လီရောင်းချသူများဟာ လုပ်ငန်းများအနေနဲ့ Third-party ရောင်းချသူများကို ဆက်သွယ်နိုင်မည့်လိပ်စာအပြည့်အစုံအား ထည့်သွင်းဖော်ပြရန်လိုအပ်မည့် Federal ပြည်ထောင်စုနှင့် ပြည်နယ်ဆိုင်ရာဥပဒေတစ်ရပ်ကို ပယ်ဖျက်ပေးရန်အတွက် ကြိုးစားလျှက်ရှိနေပါတယ်။
အဆိုပါဥပဒေဟာ Amazon နှင့် အခြားသော Online ပေါ်မှတဆင့် လက်လီရောင်းချသူများအနေနဲ့ Third-party ရောင်းချသူများကိုဖော်ပြပေးရန် ဖိအားပေးလျှက်ရှိနေပြီး သုံးစွဲသူများအနေနဲ့ ထိုသူများရဲ့ လုပ်ငန်းများနှင့် ဆိုင်များသို့ တိုက်ရိုက်ဆက်သွယ်နိုင်စေရန်နည်းလမ်းကို ပေးအပ်စေလိုတာပဲဖြစ်ပါတယ်။ အဆိုပါဥပဒေအား ပြင်ပရှိ လက်လီအရောင်းဆိုင်များဖြစ်ကြတဲ့ Home Depot, Walgreens နှင့် JC Penny တို့မှ ထောက်ခံထားကြပြီး Online လက်လီရောင်းချသူများဖြစ်တဲ့ Amazon, Etsy, eBay, Poshmark နှင့် အခြားသော ကုမ္ပဏီများနှင့် တရားရုံးတွင် ပြိုင်ဆိုင်သွားရနိုင်ချေရှိနေပါတယ်။
အဆိုပါဥပဒေအား ကပ်ရောဂါကာလအတွင်း သုံးစွဲသူများအနေနဲ့ ပြင်ပရှိဆိုင်များမှ လက်လီဝယ်ယူမှုဟာ ၂၀၁၉ ခုနှစ်တွင် ၁၄%မှ ၂၀၂၀ ခုနှစ်တွင် ၂၀% အထိ လျော့ကျလာခဲ့ပြီး ပြင်ပရှိလက်လီရောင်းချနေသူများအနေနဲ့ Online ပေါ်ရှိလက်လီရောင်းချသူများအား ဈေးကွက်အနေအထားအရ ရှုံးနိမ့်လာရတဲ့အတွက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သလို Online ပေါ်ရှိ အရောင်းဆိုင်များတွင် ပစ္စည်းအတုများ၊ ခိုးရာပါပစ္စည်းများနှင့် အန္တရာယ်ရှိသော ပစ္စည်းများ များစွာပေါ်ပေါက်လာခဲ့တဲ့အတွက် ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
Online ပေါ်ရှိ လက်လီရောင်းချသူများကတော့ အဆိုပါဥပဒေဟာ Third-party ရောင်းချသူများရဲ့ privacy ကို ချိုးဖောက်ရာကျနေတယ်ဟုဆိုကာ အဆိုပါဥပဒေအား လိုက်နာကျင့်သုံးရန် ငြင်းဆိုထားကြပါတယ်။ အချို့သော platform များတွင် ကုန်သည်အများစုဟာ သူတို့ရဲ့လုပ်ငန်းများကို အိမ်မှတစသာပြုလုပ်လျှက်ရှိနေကြတာဖြစ်ပြီး ဥပမာအားဖြင့် Etsy က ၉၇% သော သူတို့ကို ရောင်းချပေးနေသူများဟာ အိမ်မှတဆင့်သာ လုပ်ငန်းများကို ပြုလုပ်လျှက်ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။ အလားတူပဲ Amazon seller survey တစ်ခုတွင် သူတို့ကို ရောင်းချနေသူများရဲ့ ၇၀% ဟာလည်း အိမ်မှတဆင့်သာ လုပ်ငန်းများလုပ်ဆောင်လျှက်ရှိနေတာကို ဖော်ပြလျှက်ရှိနေပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။