Almost 400 million people already subscribe to music services

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

18.7.2020 | လူပေါင်း သန်း၄၀၀ ခန့်ဟာ တေးသီချင်းဝန်ဆောင်မှုများကို subscribe ပြုလုပ်ခဲ့ပြီးပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့ဆောင်းတွင်းနဲ့ နွေဦးရာသီအတွင်း တေးသီချင်းဝန်ဆောင်မှုများဟာ လွန်စွာအောင်မြင်မှုရရှိ ခဲ့တယ်လို့ပြသနေတဲ့ Counterpoint မှ သူတို့ပြုလုပ်ခဲ့တဲ့ လေ့လာချက်တစ်ရပ်ကိုထုတ်ပြန်ကြေငြာ ပေးခဲ့ပြီး suscribe ပြုလုပ်သူအရေအတွက်ဟာ လူပေါင်း ၃၉၄ သန်းရှိခဲ့ပြီဖြစ်ပါတယ်။

အချို့သော တေးသီချင်းဝန်ဆောင်မှုများကို subscribe ပြုလုပ်ထားတဲ့ နားဆင်သူအရေအတွက်ဟာ သန်း ၄၀၀ နားသို့ကပ်လာပြီဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ပထမ ၄လတာ ကာလအတွင်းတွင် ဒီဝန်ဆောင်မှု များဟာ လွန်စွာအောင်မြင်လျှက်ရှိနေပါတယ်။ ဒီအရာကိုဖြစ်ပေါ်စေတဲ့အရာကတော့ ကိုရိုနာဗိုင်းရပ် ကပ်ရောဂါဟာ အဓိကနေရာကပါဝင်နေပါတယ်။

ပထမ ၄လတာကာလအတွင်း  လူများဟာအိမ်တွင်ပို၍နေရပြီး အင်တာနက်ကိုပိုမိုပြီးအသုံးပြုခြင်း အပြင် တေးသီချင်းများကိုလည်း ပိုမိုပြီးနားထောင်လာကြပါတယ်။

အဆိုပါကာလအတွင်းတွင် Spotify ဟာ အမြင့်မားဆုံးရောင်းချမှုစံချိန်ချိုးသွားခဲ့တာဖြစ်ပြီး ဈေးကွက်ရဲ့ ၃၀% ကိုပိုင်ဆိုင်ထားပါတယ်။ သူတို့ရဲ့နောက်တွင်တော့ Apple Music ဟာ ဈေးကွက်ရဲ့ ၂၅% ကိုပိုင်ဆိုင်ထားပြီး လိုက်ပါလျှက်ရှိနေပါတယ်။

အခြားသော platform များဟာတော့ ပိုမိုနည်းပါးတဲ့ဈေးကွက်ဝေစုများကိုသာရရှိထားပြီး Amazon Music ဟာ ၁၂% နဲ့ တတိယနေရာတွင်ရှိနေပြီး YouTube Music ဟာတော့ ၉% နဲ့ သူ့နောက်တွင် လိုက်ပါလျှက်ရှိနေပါတယ်။

(Unicode)






သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။