Alibaba Group has Pledge to Invest 100 billion yuan in China’s Common Prosperity Program

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

13.9.2021 | တရုတ်နိုင်ငံရဲ့ Common Prosperity Program အတွက် Alibaba Group မှ ယွမ်ငွေ ၁၀၀ ဘီလျံ လှူဒါန်းရန် ကတိပြုခဲ့

တရုတ်နိုင်ငံအခြေစိုက် Alibaba Group ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင်မှ ဦးစီးဆောင်ရွက်လျှက်ရှိတဲ့ “Common Prosperity Program” အတွက် ယွမ်ငွေ ၁၀၀ ဘီလျံ (ကန်ဒေါ်လာ ၁၅.၅ ဘီလျံ) ကို ၂၀၂၅ ခုနှစ်တွင် လှူဒါန်းမှုပြုလုပ်ဖို့ ကတိပြုခဲ့တယ်လို့ သိရှိရပါတယ်။
 
ဘေဂျင်းပြည်နယ်အစိုးရဟာ ကမ္ဘာ့အကြီးဆုံးစီးပွားရေးနယ်ပယ်တစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံအတွင်း ဆင်းရဲ၊ ချမ်းသာ မညီမျှမှုများကိုလျှော့ချနိုင်ရန်အစီအစဉ်တစ်ရပ်အနေနဲ့ ကုမ္ပဏီများကိုလှူဒါန်းမှုများပြုလုပ်ပေးဖို့ ဆော်ဩလျှက်ရှိနေပြီး တရုတ်နိုင်ငံအခြေစိုက် Tencent Holding မှလည်း ယွမ်ငွေ ၁၀၀ ဘီလျံလှူဒါန်းဖို့ ကတိပြုခဲ့ပါတယ်။ 

အစိုးရရဲ့ကျောထောက်နောက်ခံပြုမှုကိုရရှိထားတဲ့ ဇီကျန်း သတင်း website ရဲ့ပြောကြားချက်အရတော့ Alibaba မှ လှူဒါန်းမည့် ရံပုံငွေများကို အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများကို ကူညီထောက်ပံ့မှုပေးရန်နှင့် အချိန်ပိုင်းလုပ်သားများဖြစ်တဲ့ courier များနဲ့ ride-hailing driver များကို ကူညီထောက်ပံ့မှုပေးသွားရန်အတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။