Alfa Romeo will debut an all-electric Giulia sedan in 2024

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.11.2021 | Alfa Romeo မှ Giulia sedan လျှပ်စစ်ကားကို ၂၀၂၄ ခုနှစ်တွင် စတင်ထုတ်လုပ်ရောင်းချသွားရန်ရှိ 

အီတလီကားထုတ်လုပ်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ Alfa Romeo ဟာ Giulia sedan ရဲ့ လျှပ်စစ်ကားမော်ဒယ်အသစ်ကို စတင်၍ စမ်းသပ်ထုတ်လုပ်မှုများပြုလုပ်လျှက်ရှိနေပြီဖြစ်တယ်လို့ သိရှိရပါတယ်။ 

Auto Express မှ ပြုလုပ်ခဲ့တဲ့ interview တစ်ခုတွင် ကုမ္ပဏီရဲ့ CEO ဖြစ်သူ Jean-Phillippe Imparato ရဲ့ ပြောကြားချက်အရ Alfa Romeo ဟာ အဆိုပါလျှပ်စစ်ကားကို ၂၀၂၄ ခုနှစ်အတွင်း စတင်၍ထုတ်လုပ်ရောင်းချပေးသွားမှာဖြစ်တယ်လို့သိရှိရပါတယ်။ ဒါ့အပြင် အဆိုပါကားကို ၎င်းတို့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Stellantis မှ STLA large platform ပေါ်တွင် အခြေခံ၍ တည်ဆောက်မှုပြုလုပ်သွားမှာဖြစ်တယ်လို့လည်း ၎င်းကပြောကြားခဲ့ပါတယ်။ 

အဆိုပါ လျှပ်စစ်ကားအကြောင်းကို Alfa Romeo မှ ပြီးခဲ့တဲ့ နွေဦးရာသီအတွင်း ကြေငြာမှုပြုလုပ်ခဲ့တာဖြစ်ပြီး ထိုအချိန်ကကြေငြာချက်များအရ အဆိုပါလျှပ်စစ်ကားဟာ 0-60 km မြန်နှန်းကို ၂ စက္ကန့်အတွင်း ရောက်ရှိနိုင်တယ်လို့ သိရှိရပြီး မိုင် ၅၀၀ ခန့်အထိ တစ်ဆက်တည်းမောင်းနှင်မှုပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။