Airbnb allows staffs to work freely between work-from-home and office

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

10.5.2022 | Work-from-home ပြုလုပ်ခြင်းနှင့် ရုံးတက်ခြင်းကို လွတ်လပ်စွာပြုလုပ်နိုင်ကြရန် Airbnb မှ ဝန်ထမ်းများအား ခွင့်ပြုခဲ့ 

Airbnb မှ ၎င်းတို့ရဲ့ ဝန်ထမ်းများကို မိမိတို့နှစ်သက်ရာနေရာမှ အလုပ်လုပ်နိုင်စေဖို့ ခွင့်ပြုပေးခဲ့ကြောင်း BBC news မှ သတင်းများအရ သိရှိရပါတယ်။ 

၎င်းတို့ရဲ့ ဝန်ထမ်းများဟာ လစာငွေရရှိမှုအပေါ် ထိခိုက်မှုမရှိစေပဲ Work-from-home လုပ်ခြင်းနှင့် ရုံးတက်ခြင်းတို့အကြား နှစ်သက်ရာကို ရွေးချယ်ပြုလုပ်နိုင်ကြမှာဖြစ်တယ်လို့ Airbnb က ပြောကြားခဲ့ပါတယ်။ ဒါဟာ Google ကဲ့သို့သော အမေရိကန်အခြေစိုက် ကုမ္ပဏီများတွင် work from home ပြုလုပ်သူများကို လစာငွေလျှော့ပေးတဲ့ ဆောင်ရွက်ချက်များနဲ့ လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေစေပါတယ်။ 

Airbnb ကဲ့သို့ပင် flexible ဖြစ်တဲ့ လုပ်ငန်းခွင်းပေါ်လစီများကို ချမှတ်ထားတဲ့ ကုမ္ပဏီများတွင် Cisco နှင့် Microsoft တို့ပါဝင်နေပြီး Airbnb ရဲ့ chief executive ဖြစ်သူ Brian Chesky မှ အဆိုပါ အသစ်ပြင်ဆင်ရေးဆွဲခဲ့တဲ့ အလုပ်လုပ်ခြင်းနှင့်သက်ဆိုင်သော ပေါ်လစီစည်းမျဉ်းများကို ဝန်ထမ်းများထံသို့ အသေးစိတ် e-mail တစ်စောင်ပေးပို့ခဲ့ပါတယ်။ Chesky ရဲ့ ခန့်မှန်းချက်အရ လာမည့် (၁၀) နှစ်တာ ကာလအတွင်းတွင် အလားတူ flexible working ပုံစံဟာ လူအများစုအတွက် သာမန်ပြုလုပ်နေကျအရာတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။