After Netflix, Facebook and Instagram will also reduce video quality

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

30.3.2020 | Netflix ပြီးနောက် Facebook နဲ့ Instagram ဟာလည်း ဗွီဒီယိုအရည်အသွေးများကို လျှော့ချရန် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

လက်ရှိကာလတွင် လူသားများဟာ အင်တာနက်ပေါ်တွင်ပိုမို၍ အချိန်ဖြုန်းလာကြပါတယ်။ ဥရောပအာဏာပိုင် များဟာ Server များ မနိုင်ဝန်ထမ်းရခြင်းကြောင့်ပျက်စီးခြင်း (overload) ဖြစ်ပေါ်လာမှာကို စိတ်ပူနေကြပြီး ကုမ္ပဏီများကို ဗွီဒီယိုအရည်အသွေးများကိုလျှော့ချရန်အတွက်ခေါ်ယူပြောဆိုမှုများပြုလုပ်နေကြပါတယ်။ Netflix နှင့် YouTube ပြီးနောက် Facebook နှင့် Instagram တို့ဟာလည်း ထိုသို့ပြုလုပ်ကြတော့မှာဖြစ်ပါတယ်။ 

ဗွီဒီယိုများဟာ အင်တာနက်စီးဆင်းမှုကွန်ယက်တွင် အများဆုံးနေရာယူထားပြီး ကိုရိုနာဗိုင်းရပ်ကြောင့် လူသား များဟာ အိမ်တွင်နေထိုင်နေရတဲ့ ယခုကဲ့သို့အချိန်မျိုးတွင် ပိုမိုပြီး မနိုင်ဝန်ထမ်းဆောင်နေရပါတယ်။ Network traffic (အင်တာနက်ကွန်ယက်စီးဆင်းမှုအကြပ်အတည်း) ဟာ ထိုသူများ ဗွီဒီယိုများကိုအကြည့်ရှုဆုံးအချိန်ဖြစ် တဲ့ ညနေပိုင်းတွင် အထူးသဖြင့်ပိုမို၍သိသာလာပြီး အချို့သောနေရာများတွင် အင်တာနက်ချိတ်ဆက်မှုပြဿနာ များကို ဖြစ်ပွားစေပါတယ်။ ဒီအတွက်ကြောင့် ဥရောပနိုင်ငံပေါင်းစုံ (European Union) အဖွဲ့ဟာ Netflix နှင့် YouTube တို့ကို SD အရည်အသွေးသာရှိတဲ့ ဗွီဒီယိုများကိုသာ စတင်၍ streaming ပြုလုပ်ရန်နှင့် HD အရည် အသွေးကိုမူ မရှိမဖြစ်လိုအပ်မှသာအသုံးပြုရန်အတွက်ကို ခေါ်ယူ၍ပြောဆိုခဲ့ပါတယ်။ အဆိုပါ ကုမ္ပဏီ (၂) ခုလုံး မှ ထိုတောင်းဆိုချက်အတိုင်းလိုက်နာခဲ့ပြီး ယခုအခါတွင် နောက်ထပ်အင်တာနက်ကုမ္ပဏီကြီးတစ်ခုကလည်း ပူး ပေါင်းပါဝင်လာတော့မှာဖြစ်ပါတယ်။ Facebook မှ ပြောရေးဆိုခွင့်ရှိသူပုဂ္ဂိုလ်တစ်ဦးမှတစ်ဆင့် သူတို့ဟာလည်း ဥရောပနိုင်ငံများရှိ ဗွီဒီယိုအရည်အသွေးများကိုလျှော့ချသွားမယ်လို့ပြောကြားခဲ့ပါတယ်။ “ကျွန်ုပ်တို့ဟာ ပိုမိုတိုး တက်လာတဲ့ အင်တာနက်လိုင်းကြပ်တည်းမှုများကိုတွေ့မြင်နေရပါတယ်။ ကျွန်ုပ်တို့ရဲ့ လက်တွဲဖော်များနဲ့ အတူ ပူးပေါင်းလုပ်ဆောင်ပြီး ဘယ်လို အင်တာနက်ကွန်ယက်ပြဿနာမျိုးကိုမဆိုကိုင်တွယ်ဖြေရှင်းနိုင်ရန်နဲ့ Facebook ရဲ့ ဝန်ဆောင်မှုများကို လူတိုင်းပြတ်တောက်မှုမရှိပဲအသုံးပြုနိုင်စေရန်အတွက် လုပ်ဆောင်ပေးသွားမှာဖြစ်ပါ တယ်” ဟူ၍ ၎င်းပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မှပြောကြားခဲ့ပါတယ်။ ၎င်းကုမ္ပဏီဟာမည်မျှအထိဗွီဒီယိုအရည်အသွေး များကိုလျှော့ချသွားမှာဖြစ်တယ်လို့တော့ ပြောကြားခြင်းမရှိတဲ့အတွက် ကျွန်ုပ်တို့အနေနဲ့ ခန့်မှန်း၍မရနိုင်သေးပါ ဘူး။ သို့သော်လည်း Facebook နဲ့ Instagram အသုံးပြုသူ (user) များဟာ ထိုပြောင်းလဲမှုကို သတိထားမိနိုင်မှာ မဟုတ်ပဲ ကွဲပြားခြားနားချက်များကို အရည်အသွေးမြင့် ဗွီဒီယိုများတွင်သာ သိသာထင်ရှားစွာမြင်တွေ့ရမှာဖြစ် ပါတယ်။ 
 

(Unicode)


 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။